......
Yeol..အိပ်ယာမှနိုးလာတော့ အောက်ပိုင်းကနာကြင်မှု့ကြောင့်တော်တော်နှင့်မထိနိုင်
ညီးလဲမညီးရဲပေ အိပ်နေသော Hyung နိုးသွားမှာဆိုးသဖြင့် အနည်းအငယ်နေသားကျသွားတော်မှ အိပ်ယာထဲမှ ဖြေးဖြေးချင်းထကာ ရေချိုးခန်းထဲသို့ဝင်လိုက်ကာ ရေချိုးသန့်စင်လိုက်သည်....ရေချိုးကာလန်းဆန်းသွားတော့မှ သက်တောင့်သက်တာဖြစ်မည့် T ရှပ်လက်ရှည်ပွပွတစ်ထည်နှင့် ဒူးလောက်သာသာရှိသည့်ဘောင်းဘီတစ်ထည်ယူဝတ်ကာ အောက်ထပ်သို့ဆင်းကာထမင်းစားခန်းထဲတွင်မနက်စာပြင်လိုက်သည်...
ရေခဲသေတ္တာ ထဲရှိအသီးအရွတ်တချို့နှင့် အမဲသားပြား ကြက်ဥတို့ကိုစားပွဲပေါ်သို့တင်ကာ အစဉ်လိုက် လှီးဖျက်လိုက်သည်...
ပဲပြားနှင့်အသီးအရွက်တချို့ကို ပဲငါးပိဟင်းရည်ချက်ရန်အိုးတည်လိုက်သည်...
အမဲသားပြားများကိုအနေတော်လေးများတုံးကာကြာဇံဖြင့်အရွက်နည်းနည်းရောကာကြော်လိုက်သည်...
ကြက်ဥ ၂လုံးကိုဖောက်ထည့်ကာ အနှစ်မပျက်လေးကြော်လိုက်၏...ဆန်ဆေး၍ပေါင်းအိုးထဲထည့်ကာချက်ထားသည့်ထမင်းလေးမှာလဲကျက်နေပြီ..
ဟင်းပွဲများကို စားပွဲပေါ်တွင်ပြင်ဆင်ကာချလိုက်ပြီး ပေပွနေသည့်ပန်ကန်များကိုဆေးကာလက်စသက်လိုက်၏...
စားပွဲပေါ်ကဟင်းပွဲများကိုအုပ်ဆောင်းဖြင့်အုပ်ကာ ဧည့်ခန်းထဲသို့ထွက်ခဲ့လိုက်သည်...
ဧည့်ခန်း၌လဲမရှင်းဖြစ်တာတစ်ပတ်ကျော်လောက်ကြာနေပြီထင်ပါ့ Arrjuma သူ့မွေးရပ်မြေပြန်သွားကတည်းကဆို ၂ ပတ်လောက်ရှိပြီပေါ့ Yeol အင်္ကျီလက်နှစ်ဖက်ကိုခေါက်တင်ကာ
ထမင်းစားခန်းထောင့်ရှိ ဖုန်စုပ်စက်ယူကာ သန့်ရှင်းရေးကိုစတင်လိုက်တော့သည်...Yeol တစ်အိမ်လုံးနီးပါးသန့်ရှင်းရေးလုပ်လို့ပြီးခါနီးချိန်မှာတော့ နေ့လည်စာစားချိန်ပင်ရောက်နေပြီ ဗိုက်ထဲမှလဲတစ်ကျုံကျုံမြည်ဟီးနေပြီ...Yeol သန့်ရှင်းရေးအားလက်စသက်လိုက်ကာ...အိမ်ပေါ်ထပ်အိပ်ခန်းဆီသို့တက်ခဲ့လိုက်သည်...
အိမ်ခန်းထဲကကုတင်ပေါ်တွင်တော့ Baek တစ်ယောက်အိပ်လို့ကောင်းဆဲ...
YOU ARE READING
SEX MAN (Complete)
Fanfiction[BaekYeol] Yaoi Sex ဆက်ဆံချိန်တွင်သာ..သူ့အားသဘောကျသည်ဟုထင်ခဲ့ပြီး.. တကယ်တမ်းလက်လွှတ်ရမည်ဟူသော...အချိန်တွင်..ထိုကောင်လေးအား..လက်မလွှတ်နိုင်ခဲ့ပါ.... ဆက်ဆံချိန်တွင်သာ ချစ်တယ်ဟုပြောတက်သော.Hyung.အားနာကြင်မှု့ကိုသာယာမှု့အဖြစ်သို...