"ယောကျာ်းအာ့လောက်ရှားသလားIm Yoona"
မျက်ဝန်းတွေထဲကဒေါသမီးလျှံတွေမှာ ကျွန်မ
ကိုဝါးမြိုတော့မတက်Yoona-သူ့ကိုနင်ပိုင်လို့လားYul
သူ့နှုတ်ခမ်းဖူးဖူးလေးကနေထွက်လာတဲ့
မြှားချက်တွေက ဘယ်တော့မှမညင်သာခဲ့ပါ။Yul-ငါတို့နှစ်ယောက်ကတွဲတော့မှာ
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ရှေ့က
အမြန်ဆုံးလှည့်ထွက်လာခဲ့သည်။နှုတ်ဆက်
ခြင်းမရှိတဲ့ခြေလှမ်းတွေနဲ့ပေါ့။
ကျွန်မစိတ်ဆိုးတိုင်းမရမကလိုက်ချော့တတ်သော အဲ့ကလေးမှာ ကျွန်မရဲ့စိတ်ခံစားချက်ကို
ဥပေက္ခာပြုခဲ့သည်မှာအတိအကျ ၃၈၄ရက်ရှိပြီ။
တောင်ကုန်းမို့မို့လေးထက်ကတစ်ပင်ထဲရှိသော
သစ်ပင်ကြီးကိုမှီထိုင်နေမိသည်။
ပါးပြင်ထက်မှာပူနွေးနွေးအရည်တွေ။အို
မျက်ရည်တွေပေါ့ သူကျွန်မကိုငိုအောင်လုပ်ပြန်
ပြီ။သူပြောင်းလဲသွားတယ်။အရမ်းပြောင်းလဲသွားတာ။ကျွန်မကိုတွေ့သည်နှင့်တောက်ပလာ
တတ်သောမျက်ဝန်းနက်လေး၊လုံးဝငြီးငွေ့ဖွယ်မကောင်းသောအသံအက်အက်လေး၊
အိုအေစစ်နဲ့တူတဲ့သူ့အပြုံးလေး၊စကားများပြီးမခေါ်ကြ
တော့ရင်တစ်ရက်တောင်မနေနိုင်ပဲကျွန်မရင်ခွင်ထဲခေါင်းလေးဝှေ့ကာတောင်းပန်နေတဲ့အမူအရာ လေး။ထိုအရာတွေပျောက်ဆုံးသွား
သည်မှာတော်တော်ကြာခဲ့ပြီဖြစ်သော်လည်း
ကျွန်မမှတ်ဥာဏ်ထဲမှာvideoရိုက်ထားသလို
တစ်ခုချင်းမှတ်မိနေသည်။"Im Yoona"
အာ ဘာလို့သူ့အသံပဲကြားနေမိပါလိမ့်
"နင်ရူးနေလား"
ကျွန်မမော့ကြည့်လိုက်တော့ မျက်လုံးများပင်
ကျယ်သွားသည်။ဒီလောက်မိုးရွာကြီးထဲမှာထီး
မပါ မိုးကာမဝတ် ခုနကဝတ်ထားတဲ့အနွေးထည်
တောင်ချွတ်ထားလိုက်သေး။သူကအဖျားကြီး
တက်တယ်လေ။
လှိုက်တက်လာသောစိုးရိမ်မှုကြောင့်
ချမ်းနေတာတောင်ဘယ်ရောက်သွားမှန်းမသိအောင်ပူထူလာသည်။ဒါပေမယ့်....
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်