အိပ်ပျော်ခါနီးကလေး ပုခုံးကိုခပ်ဆတ်ဆတ်
လှုပ်နှိုးနေသည်ကြောင့် မျက်လုံးဖွင့်ကြည့်တော့
ပြူးပြူးကြီးစိုက်ကြည့်နေသော Sooyoung။"နင်သိပြီးပြီလား Yuriနဲ့Siwonလမ်းခွဲလိုက်
ပြီတဲ့"သူနှုတ်ခမ်းတွန့်ရုံကလေးပြုံးပြလိုက်တော့
ပါးနပ်သည့်Sooyoung ချက်ချင်းရိပ်မိသွား
သည်။"နင်တို့နှစ်ယောက်က....."
"ဟုတ်တယ်"
ဟောင်းလောင်းဖြစ်နေသောပါးစပ်ထဲသို့ ခဲဖျက်
တစ်တုံးထည့်လိုက်သည်။ဖွီးခနဲထွေးလိုက်ပြီး
တော့ မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်ပြန်သည်။"သူ့ဘက်ကအရင်ဖွင့်ပြောတာလား"
"Omm "
"Wow Kwon Yuriတို့ကမထင်ရဘူးနော်"
"နေစမ်းပါဦး ငယ်ငယ်ထဲကပေါင်းလာတဲ့ငါ
တောင်မရိပ်မိတာ တက္ကသိုလ်စတက်မှသိတဲ့
နင်တို့ကဘယ်လိုသိနေတာလဲ""အသိသာကြီးကို နင်သာ အ လို့မသိတာ"
Yoonaစိတ်မသက်သာစွာ ခေါင်းခါမိသည်။
"ကန်တင်းသွားရအောင်"
"Yuriကိုမခေါ်တော့ဘူးလား"
"မခေါ်တော့ဘူး Sunnyကိုသာခေါ်လာခဲ့
ငါနင့်တို့ကိုပြောစရာရှိတယ်"ကန်တင်းရောက်တော့Yoonaက Yuri၏ဘဝအပြည့်အစုံကို မုန့်စားနေရင်းပြောပြသည်။
Yuri၏အဖေတွင် physothullusလို့ခေါ်တဲ့
စိတ်ရောဂါရှိသည်။ကမ္ဘာ့လူဦးရေ၏ 7%ခန့်
မှာ ထိုရောဂါခံစားနေရသည်။ကုရန်ဆေးမရှိ။
ရောဂါ၏အခြေအနေမှာ
မိမိကိုမိမိအလွန်အထီးကျန်နေသည်ဟု ခံစား
နေရခြင်း၊သူတပါးတို့ပျော်ရွှင်နေသည်ကို မနာ
လိုရှုစိမ့်ခြင်း၊မိမိချစ်ခင်သော လူတစ်ယောက်ကို
အခြားမည်သူနှင့်မျှ အဆက်စပ်မလုပ်စေလို
ခြင်း၊သူတပါးမှမိမိကို ပြောလာသည့်စကားအ
ပေါ်မှန်ကန်စွာ သုံးသပ်နိုင်မှုအားနည်းခြင်း၊
သူတပါးအားနာကျင်အောင်လုပ်၍ဖြစ်စေ ရန်
ဖြစ်၍ဖြစ်စေ Attentionရယူခြင်း၊မိမိအား
ချစ်ခင်သူတစ်ဦးမှ မိမိအခြားသူနှင့်ရှိနေခြင်း
အပေါ်သဝန်တိုခြင်းအား သာယာကြည်နူးခြင်း၊
မိမိ၏ထိခိုက်ဒဏ်ရာ နာကျင်မှုအပေါ် တစုံတ
ယောက်ကထပ်တူခံစားရသည်ကို ဝမ်းသာ
ပျော်ရွှင်ခြင်း၊မိမိအပေါ်ချစ်မြတ်နိုးသူ၏ ဂရု
စိုက်မှုကို တစ်ဦးတည်းပိုင်ဆိုင်လိုခြင်းဖြစ်သည်။
ဤရောဂါမှာ အရမ်းကြီးမဆိုးဝါးဘဲတော်တော်
ကိုယဉ်ပါးသောကြောင့် ခနတာဆက်ဆံကြည့်
ရုံမျှ ဖြင့်မသိနိုင်ပေ။
Yuriကိုမွေးပြီးပြီးချင်းမှာပင် လင်မယားနှစ်
ယောက်အလုပ်ကိစ္စနဲ့ခရီးထွက်ခဲ့ကြသည်။
Yuriအဖေက အလုပ်မှာ Mrs.Kwonကို
အခြားယောက်ျား
တစ်ဦးနဲ့သဝန်တိုအထင်မှားပြီး ကားမောင်းနေ
ရင်းစကားများရန်ဖြစ်ကြလေရာ တဖက်တွင်
လာနေသော ကုန်တင်ကားကိုမမြင်ဘဲတိုက်မိ
လေသည်။မိဘနှစ်ဦးလုံးဆုံးသွားသည်ဆိုတာ
ကို အဘွားဖြစ်သူမှာမြေးကလေးအားမပြော
ရက်ခဲ့။အကြောင်းမှာမြေးဖြစ်သူထံ ဖခင်၏
အမွေလော ကျိန်စာလောမသိနိုင်သည့် စိတ်
ရောဂါဆိုးကြီး ကျန်ရစ်ခဲ့လေပြီဟုသိရှိခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ဤသည်ကို Yoonaအရွယ်ရောက်လာတော့
ပြောပြခဲ့သည်။အဘွား၏နောက်ဆုံးအချိန်မှာ
လဲ Yuriကိုကြည့်ရှုရန်မှာကြားသွားခဲ့
သည်။Yuriဘေးတွင် သူကလွဲ၍ဘယ်သူမှမရှိ
တော့ဟုသိလိုက်ရသည့်အချိန်မှစ၍ သူ့ဘဝ
တွင်အရေးကြီးဆုံးမှာ Yuriဖြစ်လာသည်။
ထိုမှတဆင့် ချစ်ရသူအဖြစ်နှလုံးသားက လက်
ခံမိလာသည်။ထို့ကြောင့်
Yoonaနှင့်Yuri ရန်ဖြစ်ထားသောကာလ
အတွင်းမှာပင် မမြင်နိုင်သောအရပ်မှ တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့သည်။
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်