Ommaဘက်ကအမျိုးတွေရောက်နေသဖြင့်
အိမ်ကမခွာရပေ။ကလေးတွေလဲပါသဖြင့် သံစုံ
တီးဝိုင်းငှါးထားရသလိုပင်။သာယာနာပျော်ဖွယ်
တော့မရှိဘူးပေါ့။ဆော့လိုက်တာဆိုတာ
မျောက်တောင်မူးလဲလောက်သည်။
ကိုယ့်တူတွေ တူမတွေဆိုပေ
မယ့် သည်းမခံနိင်တော့..."ဟဲ့ အောစွန် ဂျော်နီဖို့ ငားရိုးတွေမကိုက်နဲ့လေ"
"ထောက်ဆယ် အဲ့ဒါဓားအစစ်တွေ ကစားစရာ
မဟုတ်ဘူး ချထားစမ်း""ဂျုံမှုန့် မမစာအုပ်တွေမကိုက်နဲ့"
"ကလင် ကလင်"
ဪ အရေးထဲ ဘယ်ကဖုန်းလဲ။
"ဟယ်လို"
"Yoong ငါ့မိဘတွေရှာတွေ့ပြီ"
"ဟာ ဘယ်သူကလိမ်ပြန်ပြီလဲ"
"ဒီတခါအတည်ပါ Yoongရဲ့ငါသူနဲ့တွေ့ခဲ့တယ်"
"ဘယ်သူလဲ"
"ငာ့Appaမိတ်ဆွေရဲ့တူမရဲ့ ချွေးမရဲ့ အဒေါ်ရဲ့ မြေးရဲ့ ချစ်သူရဲ့ သူငယ်ချင်းရဲ့ ......."
"တော် တော်စမ်း ဘယ်လိုမှ...."
"တီလေး ဂျောစွန်ကို ဒိုးဆယ်ခွက်နဲ့ပေါက်
လိုက်တာ နဖူးကွဲသွားပြီ""အေး အေး Yulရေ နောက်မှပြောကြရအောင်
အိမ်မှာ ပုစုခရုတွေရောက်နေလို့"Yuriပြန်ဖြေတာကိုပင် မစောင့်နိုင်တော့။
လောလောဆယ်အိမ်တွင်း ငြိမ်းချမ်းရေးဆောင်
ရွက်ရဦးမည်လေ။ပိစိတွေအိပ်သွားမှပဲ သူသက်ပြင်းချနိုင်တော့
သည်။အဲ ဟိုကလေး။ဒုန်းစိုင်းပြင်ကာ Yuriတိုက်ခန်းသို့သွားရ
သည်။အလိမ်ခံရပေါင်းလဲ မနည်းတော့။
ဒါလဲအမှတ်မရှိ။သူရှာထားတဲ့ ပိုက်ဆံတွေက
ဒါနဲ့ကုန်တာ များပြီ။
တခါတုန်းကများ လူငယ်သန့်သန့်လေးက
ရှာဖွေရေးအေဂျင်စီကပါဆိုပြိီး မှတ်ပုံတင်ပါ
ပြလိုက်တော့ Kwon Yuriဆိုတဲ့ငနဲလေးကယုံ
လိုက်တယ်လေ။ဟိုကလဲမထင်ရဘူးကို။
နှစ်လလောက်အဆက်အသွယ်မရလို့ သွား
ရှာကြည့်မှ လူလိမ်ဆိုတာသိလိုက်ရတယ်။
Yuriကတော့နှမြောပုံမရဘူး။သူ့ မိဘတွေကို
မတွေ့ရလို့ပဲ ဝမ်းနည်းနေရှာတာ။
အပြစ်လဲမတင်ရက်ဘူး။သူ့ကိုလဲအပြစ်ပြော
လို့မရဘူး။လူဆိုတာ တစုံတခုအပေါ်မှာ ယုံ
ကြည်မှုလွန်ကဲနေရင် ဆုံးဖြတ်ချက်တွေမမှန်
တော့ဘူးမလား။ဒါကိုသိတဲ့လူပါးတွေက
အဲ့ဒီ့စိတ်ပေါ်မှာ အခွင့်အရေးယူတာ။မုန်းဖို့
ကောင်းလိုက်တာ။
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်