ပန်းနုရောင်လိုက်ကာကိုဖြတ်ကျော်၍ မျက်နာပေါ် ကျရောက်လာသောနေရောင်ခြည်ကြောင့်
Yuriမျက်လုံးများပွင့်လာသည်။ငှက်ကလေး
များ၏တကျိကျိမြည်နေသံက alarmပေးထား
သည့်နှယ်။ခါးကိုသိုင်းဖက်ထားသလိုခံစားရ
သောကြောင့် မော့ကြည့်လိုက်တော့ အိပ်
မောကျနေဆဲဖြစ်တဲ့ Yoona။မနက်ခင်းအစော
ကြီးမှာတောင် နတ်သမီးတစ်ပါးအလား ထင်
မှတ်ရသည်။Yoona၏အလှကဂန္နဝင်ဆန် သည့်အလှ။သို့သော်ထိုအလှထက်သူမရဲ့ တော်
ဝင်မြင့်မြတ်တဲ့နှလုံးသားလေးကို ပိုချစ်မိသည်။
သူကစိတ်ရင်းကောင်းပါသည်။လူတစ်ယောက်
ဘယ်လောက်ပဲဆိုးနေပါစေ ကောင်းကွက်တစ်
ကွက်ကိုမရမကလိုက်ရှာပြီး အကောင်းမြင်တတ်သူပာ။Yuriကတော့သူနဲ့ဆန့်ကျင်ဘက်။ထိုစဉ်Yoonaနဲနဲလှုပ်လာသည်။နှုတ်ခမ်းလေးဆူကာမျက်လုံးများကိုသေးသွယ်သောလက်ချောင်းလှလှလေးများနှင့် ပွတ်သတ်နေပုံကအသဲယားစဖွယ်။နှာတံလုံးလုံးလေးက ဆွဲညှစ်ချင်စရာ။Yuriသူ့ကိုစချင်လာတာကြောင့် အသက်
ဝဝရှုကာ မျက်လုံးမှိတ်ထားလိုက်သည်။Yoona အိပ်ရာဘေးရှ်ိစားပွဲပေါ်က နာရီကိုလှမ်း
ကြည့်လိုက်တော့ ၇နာရီထိုးပြီ။ကျောင်းသွားရန်
ရှိသေးသည်ကြောင့် Yuriကိုလှုပ်နှိုးလိုက်သည်"Yuri"
"..............."
"Yul ထတော့"
Yuriမနိုးလာပါ။Yoonaအိပ်ရာမှကမန်းကတန်း
ထကာထပ်ခေါ်ကြည့်သည်။"Yuri!!!"
Yuriနှာခေါင်းနားလက်ထားကြည့်တော့ ဝင်လေ ထွက်လေမရှိ။
"Yuri!!! ဘာဖြစ်တာလဲ ထပါဦး အဟင့် အဟင့်
အီး ဟီး"ဟိုက် သွားပြီ။စတာလွန်သွားပြီ။Yuriအမြန်
ကုန်းရုန်းထလိုက်ကာ"Yoona ငါဘာမှမဖြစ်ဘူး စနေတာ မငိုနဲ့တော့"
Yoona-"တကယ်ဘာမှမဖြစ်ဘူးလား"
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်