မနက် ၆ နာရီအချိန်သည် သာမန်လူတို့အိပ်
ကောင်းသည့်အချိန်ဖြစ်သော်လဲ စိုက်ပျိုးရေး
ကျောင်းသားများအဖို့တော့ ကွင်းဆင်းချိန်ဖြစ်
လေသည်။နွေရာသီဆိုမိုးလင်းလင်းနှင့် ချမ်း
စိမ့်ခြင်းကင်းဝေးသော်ငြား ဆောင်းရာသီဆို
အသဲခိုက်အောင်ချမ်းသည်။ပေါက်ပြားများမှာ
လဲသံဖြင့်ပြုလုပ်ထား၍ အေးစက်နေလေရာ
လက်ချောင်းပေါက်ပါသော လက်အိတ်များ
ဝတ်ရလေသည်။အပေါက်မပါတဲ့လက်အိတ်
ဝတ်လို့မရ။ဆုပ်ကိုင်အားမရှိမှာ စိုးရသည်။
မိုးရာသီဆိုလျှင်တော့ ပျော်ကြသည်။မိုးရွာနေ
လျှင် ကွင်းများပိတ်ပေးသောကြောင့်ဖြစ်သည်။
ကျောင်းတော့ထီးဆောင်း၍ တက်ရသည်။
ကိစ္စမရှိ။မိုးလုံလေလုံဖြစ်သည့်အပြင် ဆရာ
သဘောကောင်းလျှင်တရေးနှပ်၍ ရသေးသည်
လေ။သို့ရာတွင် ဘယ်ဘဝကဝဋ်ကြွေးတွေလဲ
မသိ။ကွင်းဆင်းချိန် မိုးမရွာ။ကျောင်းတက်ချိန်မှ
သာရွာသည်။ညနေကွင်းဆင်းချိန်လဲ မိုးမရွာ။
တိမ်တိုက်များညိုမဲနေသော်လဲ အောင့်ထား
သည်ထင်ပါ့။ကွင်းဆင်းပြီးမှသာ ရွာချလေ
သည်။ထိုကြောင့်ကွင်းပိတ်ပေးသည့်အချိန်က
ရှားလှသည်။ဘာပဲဖြစ်ဖြစ်မိုးရာသီကိုတော့ ချစ်
ကြသည်။Yoona-"Yul မြေဆွေးသယ်ရမယ်တဲ့"
သူ စိတ်ညစ်သွားမိသည်။မနက်ကရေချိုးလာခဲ့
တာလေးသွားပါပြီ။လစ်လိုက်ရင်ကောင်း
မလား။အမ် မဖြစ်ချေဘူး။Yoonaလိုငပျင်း
တောင် မပျက်တာ။သူကဘာလို့ပျက်ရမှာလဲ။
Kwon Yuriတို့ရာဇဝင်ရိုင်းတယ်😎😎။နှစ်ယောက်တတွဲ မြေဆွေးသယ်လာကာ ပိန်းဥ
ပင်တွေကြားထဲ ချကြရမည်ဖြစ်သည်။အိတ်ခွံ
တွေကို အဖွဲ့ထဲမှာအသက်အကြီးဆုံးဖြစ်သည့်
Taeyeonကသွားယူလာပြီး ဝေပေးလိုက်
သည်။နောက်ဆုံးကျန်သောအိတ်တလုံးကို
Yoonyulအားပေးလိုက်လေသည်။အိတ်မှာ
အတော်လေးစုတ်ပြတ်နေလေသည်။Yuriက
မဲ့ရွဲ့ကာဖြင့်
YOU ARE READING
ကြိုး
خيال (فانتازيا)သံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်