Seung Gi ကသူဌေးသားကလေးပါ။
ဒါကြောင့်လဲ ရုပ်ရည်ကဒီလောက်သန့်ပြန့်နေတာဖြစ်မှာ။အဖေရောအမေရော ဆရာဝန်တဲ့။
သူ့ကျမှ ဘာလို့စိုက်ပျိုးရေးယူလဲဆိုတော့
ဝါသနာ ပါလို့တဲ့လေ။လူဆန်းကလေး။
ု
အခန်းကလဲ ယောက်ျားလေးနေတဲ့အခန်းလို့
မထင်ရ။အတော်ကလေးသန့်ပြန့်နေသည်။
Yuri ကတော့ ဖြစ်သလိုသာနေတတ်သည်။
အိမ်း သူကစာမလိုက်နိုင်ဘူးသာပြောတာ။
ကျွန်မထက်တောင်သိနေပါရောလား။မဟုတ်
မှလွဲရော သူကျွန်မကို...."Yoona ထမင်းစားပြီးမှ ပြန်ရမယ်နော်"
"အမယ် အမိန့်ပေးတာလား"
"No No No တောင်းဆိုတာပါဗျ"
စားတော့ စားချင်ပါရဲ့ ။ဟိုကလေးကို ဘယ်လို
လုပ်ရမလဲ။အို သူ့ဘာသာသူစားမှာပေါ့။"Okလေ"
လူချမ်းသာတို့၏ ထမင်းဝိုင်းမှာ အတော်ပင်
ခမ်းနားလှသည်။ဟင်းတွေကလဲ ဘုရင်တည်
တဲ့ပွဲတော် အလားပင်။
ဇွန်ခရင်းကို ကျင်လည်စွာကိုင်၍စားနေသော
ကောင်လေးမှာ တမျိုးလေးစမတ်ကျနေပြန်
သည်။"စားကောင်းရဲ့ လား သမီးလေး"
"ကောင်းပါတယ် အန်တီ"
"အေး အေး များများစားကွဲ့ သားကိုလဲမလိမ္မာ
တာရှိရင် ဆုံးမဦးနော်""ဟာ အမေကလဲဗျာ"
သူကဂုတ်ကိုလက်ဖဝါးနှင့် ပွတ်ကာ ရှက်ရယ်
ရယ်နေလေသည်။ဘယ်လိုကြီးလဲ။
မဖြစ်ချေဘူး။ပြောစရာရှိတာ ပြောထားမှ။အပြန်လဲ သူကပင်လိုက်ပို့ပေးသည်။
အလည်ခေါ်ချင်ပေမယ့် Yuriနဲ့ဓာတ်မတည့်
မည်စိုး၍ မခေါ်ဖြစ်တော့။"ကျေးဇူးတင်ပါတယ်ဗျာ"
"ရပါတယ် ကူညီနိုင်တာရှိရင်ပြောပါ"
"ဟုတ်ကဲ့ သွားခွင့်ပြုပါဦး"
"Nae"
ထိုကားလေး မြင်ကွင်းထဲကပျောက်သွားမှ
အပေါ်တက်လာခဲ့သည်။Yulကိုချော့ဖို့
ကိတ်မုန့်လေးကိုင်ထားရင်းနဲ့ပေါ့။
YOU ARE READING
ကြိုး
Fantasiaသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်