"Tae ဒီမှာ Yoonaဖုန်း"ချုံသေးသေးလေးတခုပေါ်တွင် ကျရောက်နေ
သော Note.5အမျိုးအစားဖုန်းလေးတစ်ခုကို
လက်ညှိုး ညွှန်ပြလိုက်သည်။
Sooyoungနှင့် Taeyeonက ဖုန်းလေးကို
တချက်ကြည့်လိုက်ပြီး ရှေ့ ကလမ်းကိုပြန်ကြည့်
လိုက်သည်။
လမ်းမှာ နှစ်ခွဖြစ်နေသည်။
တောနက်ထဲရောက်စပြုနေပြီဖြစ်၍ သစ်ပင်တွေ
က ဆင်တူနေကာ နေရာမခွဲတတ်တော့ပါ။
လမ်းရှိတဲ့အရပ်ကို သာမှန်းစပြီးသွားနေရခြင်း
ဖြစ်သည်။Soo-"ခွဲသွားမှပဲ ရတော့မယ်"
Tae-"အင်း နင်တို့နှစ်ယောက်ဘယ်လမ်းက
သွားလိုက် ငါကညာလမ်းကသွားမယ်"Yuri-"နင်တို့နှစ်ယောက်အတူသွား"
Tae-"မဖြစ်ဘူးထင်တယ် နင်တို့နှစ်ယောက်
သွားလိုက်ပါ "Yuri-"အမလေး ဂျပုလေးကများ ငါ့ကိုစိတ်ပူ
နေသေးတယ်"မနောက်စဖူးနောက်နေသော Yuriကြောင့်
Sooတို့နှစ်ယောက်စိတ်ထဲနဲနဲအေးသွားရပါ
သည်။Yuri-"ငါကရတယ် နင်တို့နှစ်ယောက်ပဲသွား
လို်က်ပါ တကယ်လို့လမ်းဆုံးတဲ့အထိဘာမှ
မတွေ့ရင်ပြန်လာပေါ့"Soo-"နင်တကယ်ဖြစ်လို့လား"
Yuri-"ဖြစ်ပါတယ် သွားတော့နော်"
Taeတို့နှစ်ယောက်မျက်စိအောက်က ပျောက်
တဲ့အထိစောင့်ကြည့်ပြီးမှ သူဆက်သွားလိုက်
သည်။
ရင်ထဲပူလောင်နေသော်လဲ မျက်ရည်မကျ
အောင် အားတင်းထားသည်။
Yoonaဘာမှမဖြစ်ပါစေနဲ့ ဟု တဖွဖွရေရွတ်ရင်း
အရှိန်မြင့်၍ လျှောက်လိုက်သည်။
တောက လူမသွားတာကြာပြီမို့ နွယ်ခက်သစ်
ပင်ပေါများသည်။
လျှောတိုက်တွားသွားနေသော နွယ်ရှင်အနည်း
ငယ်နှင့် မြွေအနည်းငယ်တို့ကို မကြာခနတွေ့ရ
တတ်သည်။
ပုရစ်အော်သံ ကျီကန်းအာသံနှင့် တောခြောက်
သံလိုလို တအီအီအော်သံတွေက အားပျက်
စရာ ကောင်းလှသည်။
အထဲကိုနက်နက်ဝင်လေ နေရောင်ခြည်ပျောက်
ဆုံးပြီး အမှောင်ထုက စိုးမိုးလေဖြစ်သည်။
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်