" ဟဲ့ SeokJinတန်းနောက်ကျပြန်ပြီလားမင်းကိုဘယ်လိုပြောမှ လူလိုနားလည်မှာလဲ "
မနက်အတန်းတန်းတက်တိုင်းကြားနေရတဲ့ Founder ဆရာမရဲ့ဆူသံက အထက်တန်းတက်တဲ့ကျောင်းသားကျောင်းသူတွေရဲ့ နားထဲမှာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ကျောင်းသူတွေကတော့ ကွက်ကြည့်ကွက်ကြည့်နဲ့ ကျောင်းသာူးတွေရဲ့ နောက်ဆုံးတန်းက တစ်ယောက်ထဲ ထိုင်နေတဲ့ကောင်လေးဆီသို့။
သူကလား။ အမြဲလိုလို မနက်ဖတ် 5နာရီလာရသည့် Physicအချိန်ဆို မဟုတ်ဘူး မနက်ဖတ်အချိန်တိုင်းကိုနောက်ကျသည်။ တခါတခါ ကျူ ရှင်စာမေးပွဲနေ့တွေဆို လာကိုမလာဘူး။ အစပိုင်း ဆရာတွေကတော့သူကို ဆူပူဆုံးမကြပေမဲ့ နောက်တော့လွှတ်ထားကြသည်။ တချို့ ဆရာတွေဆိုသူတို့ကို ဘုဘောက်ပြန်ပြောကြလို့လွှတ်ထားကြသည်။
ထိုကောင်လေးနမည်က Kim Seok Jin လူပုံစံကပိန်ပိန်ပါးပါးလေး။ ပိန်လှီလွန်းလို့လေတိုက်ရင်တောင်လွင့်ပါသွားမည်ကိုတောင်စိုးရိမ်ရသည်။ စကားပြောအချိုးမပြေလို့ လူအယောက်၁၀၀လောက်တက်တဲ့ ကျူ ရှင်မှာတောင် သူနဲ့ခင်တဲ့သူငယ်ချင်းတစ်ယောက်မှမရှိ။ တချို့တလေကောင်မလေးတွေက သူ့ကို " လူသတ်သမား " လို့ခေါ်ကြသည်။ ဘာလို့လဲဆိုတော့ အတန်းထဲမှာဘယ်သူနဲ့မှလည်းစကားမပြော အမြဲတမ်းစာလည်းလိုက်မရေး ဘောပင်ကိုနားမှာညှပ်ကာအမြဲမျက်လုံးမှိတ်ကာ မှေးနေလျက်ရှိတာကြောင့် ကိုရီးယားကားတွေထဲကစိတ္တဇလူသတ်သမားနှင့်တူတယ်လို့ဆိုကာ အမြဲနောက်ကွယ်မှာအပြစ်ပြောကြသည်။
SeokJin ဒါကိုမသိသည်မဟုတ်။ ဒါပေမဲ့ သူမ မသိချင်ယောင်ဆောင်သည်။ ဒီနေ့လည်း သူအတန်းနောက်ကျပြန်သည်။ ထုံးစံအတိုင်းသူ မဟုတ်သလိုနဲ့ အတန်းနောက်ဆုံးတန်းမှာဝင်ထိုင်ကာ Physic noteစာအုပ်ကိုထုတ်လိုက်သည်။
" နင့် Noteမှာဘာတွေမှတ်ထားလို့ အလေးခံပြီးသယ်လာသေးတာလဲ "