Ep.6

7.6K 304 12
                                    

နေ​ရောင်​ခြည်​ခပ်​စူးစူးကမျက်​နှာ​ပေါ်ကျ​ရောက်​ကာပူစပ်​ပူ​လောင်​ဖြစ်​​နေသည်​မို့ သူ့မျက်​လုံး​တွေကိုလက်​နဲ့ကာ ကာမျက်​လုံးကိုဖွင့်​လိုက်​​တော့ မြင်​လိုက်​ရတဲ့စုတ်​ပျက်​ပျက်​အခန်း၊ ပြီး​တော့ ညှီစို့စို့ကိုယ်​တွင်းအနံ့​တွေ​ကြောင့်​သူ​ဘေးကိုကြည့်​မိ​တော့ .....

ညကအဖြစ်​အပျက်​​တွေကရုပ်​ရှင်​ကြည့်​ရသလိုဦး​နှောက်​ထဲအစီအစဉ်​တကျထွက်​​ပေါ်လာသည်​။ သူ​ဘေးကိုကြည့်​မိလိုက်​​တော့ သူများလိင်​ဆက်​ဆံပြီးသူ​တွေလိုရင်​ခွင်​ထဲတိုးအိပ်​​ပျော်​​နေတဲ့ချစ်​စရာ​ကောင်းတဲ့​ကောင်​​လေးတစ်​​ယောက်​ပုံစံမျိုးမဟုတ်​ပဲ အ​ပေါ်ပိုင်းဗလာနဲ့ ပက်​လက်​ကြီးအိပ်​​ပျော်​​နေတဲ့ Jin .... ​အောက်​ပိုင်းကိုလှမ်းကြည့်​မိ​တော့ ခြုံ​ပေးထားတဲ့​စောင်​ကိုကန်​ချထားတဲ့အတွက်​ ​အောက်​ပိုင်းကလည်းဗလာနတ္တိ .....

NamJoon ထထိုင်​ကာ​ခေါင်းကိုကုပ်​လိုက်​ပြီးရယ်​လိုက်​မိသည်​။ ငါ့ရဲ့ပထမဦးဆုံးမနက်​ခင်း​လေးက Romantic မဆန်​လိုက်​တာကွာ ..... ထို့​နောက်​သူ Jin ကိုယ်​​ပေါ်ကို​စောင်​ပြန်​ခြုံ​ပေးလိုက်​ပြီး ​ဘေးကတဘက်​ကိုခါးမှာပတ်​ကာ ​ရေချိုးခန်းထဲဝင်​ကာ​ရေချိုးလိုက်​သည်​။

ရေပန်း​အောက်​မှာ​ရေစက်​​တွေရဲ့​အေးစက်​မှုကိုလည်းခံယူရင်းလည်းသူပြုံးမိသည်​။ ညကသူနဲ့ Jin ​ရေပန်း​အောက်​မှာလည်း .....

သူ​ရေချိုးခန်းထဲကပြန်​ထွက်​လာ​တော့ Jin မနက်​စာပြင်​​နေပြီအထင်​နဲ့မီးဖိုခန်းထဲသွား​တော့ Jin ကိုမ​တွေ့ .... သူအိပ်​ခန်းထဲပြန်​သွား​တော့မှ ဒငိး​လေးကအိပ်​ရာ​ပေါ်မှာအိပ်​​ကောင်းတုန်း ......တကယ်​ဆို ကျွန်​​တော်​က​ရေမိုးချိုး​နေချိန်​မှာ သူက​အေပရွန်​​လေးဝတ်​ပြီးကျွန်​​တော့်​ဖို့မနက်​စာပြင်​​ပေး၊ ပြီး​တော့ ကျွန်​​တော့်​ကို​အိမ်​​ရှေ့အထိလိုက်​ပို့​ပေးပြီး ​နောက်​တစ်​ခါထပ်​​တွေ့ရန်​ချွဲ​နေမယ်​မဟုတ်​ဘူးလား။ ခု​တော့.. .....

" အင်း ....ဟင်း .... "

ဟော ....။ ​ပြောလို့ဖြင့်​မဆုံး​သေးဘူးသူနိုးလာပြီ။ ​ပြီး​တော့​ခြုံ​ပေးထားတဲ့​စောင်​ကို​ခြေ​ထောက်​နဲ့ကန်​ရင်း

Don 't Save Me PleaseWhere stories live. Discover now