ဒါပေါ့....အရမ်းပဲ.... "
ဒီတစ်ခါတော့ မျက်လုံးပြူးကာထိတ်လန့်ရသူမှာ JungKookပင်ဖြစ်တော့မည် အဘယ်ကြောင့်ဆိုတော့ သူစိန်ခေါ်ခဲ့သော TaeHyungသည် ဘာမထီညဥ့်ငှက်လေးတစ်ကောင်ဆိုတာ သူမေ့လျော့နေခဲ့သည်လေ........။
ဂုတ်ပေါ်ကိုလက်တွေတင်ယှက်ပြီး မဲ့ပြုံးလှလှနှင့်ရီဝေဝေကြည့်လာသော TaeHyungကိုကြည့်ပြီး Jungkook လန့်လာမိသည်....။
ကိုယ့်မှာတော့ တခြားသဘောရယ်မပါ။ ဒီအတိုင်းကြည့်မရတော့လို့စနောက်သည့်သဘောဖြငိ့ပြောလိုက်သော်လည်း အမှတ်မထင် TaeHyungရဲ့အပြုအမူကြောင့် ခါးကိုဖက်ထားသည့်သူ့လက်တွေကို ဖြုတ်ချမိပြီး ခြေတစ်လှမ်းအနောက်ကိုဆုတ်မိသည်......။
ဒါမျိုးမိမိကခြိမ်းခြောက်ရင် သူကြောက်သွားမယ်လို့ထင်ခဲ့မိသမျှတက်တက်စင်အောင်လွဲသွားမှန်းသိသွားတဲ့JungKookတစ်ယောက် တဖြေးဖြေးမျက်နှာရှေ့ကိုနီးကပ်လာတဲ့ TaeHyungမျက်နှာကြောင့် ချွေးစေးတွေပါပြန်လာရသည်......။
လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားမိပြီး မော့ကြည့်လာတဲ့ TaeHyungအကြည့်တွေကြောင့် မျက်နှာကိုဘေးဘက်ကိုလွှဲပစ်လိုက်သည်.....။
သူ့ရဲ့အပြုအမူကြောင့် TaeHyungကအနားနားကိုပိုပိုတိုးကပ်လာရင်းက ခြေဖျားထောက်ပြီး သူ့ရဲ့ဂုတ်ကိုဆွဲချကာ နားရွက်ကိုလေဖြင့်မှုတ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်ဆို၏........။
" မင်းက တကယ့်ကလေးပဲရှိသေးတယ် Jungkookie......ဒါကြောင့် ငါ့ကိုသွေးတိုးလာမစမ်းနဲ့.....ငါမင်းထက်အတွေ့အကြုံရှိတယ်.....ဟက်...."
တိုးရှရှနဲ့လှောင်ရယ်သံနှောကာပြောပြီး မိမိဆံပင်တွေကိုဆွဲဖွပြီးထွက်သွားပြီဖြစ်တဲ့ ထယ်ယောင်းကိုစူးနစ်နစ်တစ်ချက်ပြန်ကြည့်ပြီး သူနေရာမှာတင်စိတ်ပျက်စွာထိုင်ချလိုက်သည်......။
သူ....... TaeHyungကိုတကယ်ကြညိ့မရပါ။ မိမိကိုဆို ဆရာကြီးလေသံနဲ့လာလာဆုံးမတက်တဲ့ထိုငနဲက အပေါစားယောကျာ်းတစ်ယောက်ဖြစ်နေတာကြောင့်လည်းပါသည်......။