Ep.8

5.9K 248 12
                                    

အချစ်​​ရေ ....
မင်းကသိပ်​ချစ်​ဖို့မ​ကောင်းသလို
မုန်းဖို့လည်းမ​ကောင်းပြန်​ဘူး .....
မင်းကမရက်​စက်​သလို
နုညံ့သူလည်းမဟုတ်​ပြန်​ဘူး ....
မင်းကိုငါ​သေချာ အနက်​မဖွင့်​တက်​ပြန်​ဘူး ...
တကယ်​​တော့ မင်းက ....
ငါ့ရဲ့ညဉ့်​နက်​အခန်းကျဉ်း​လေးထဲက
အနက်​​ရောင်​ လိပ်​ပြာ​လေးပဲ ဖြစ်​လိမ့်​မယ်​ ...

_________________DSMP ....

NamJoon တစ်​​ယောက်​ Jinနဲ့အဆင်​​ပြေပြီးသည့်​​နေ့ကစပြီးသူအိမ်​မပြန်​ဖြစ်​ Jinရဲ့အခန်းမှာသာ​နေဖြစ်​သည်​။ ခုဆို ​ကျောင်းကို​တောင်​သူပြန်​သွားရ​တော့မည်​။ ဒါ​ကြောင့်​ သူ​စော​စောစီးစီးထကာ ​ရေမိုးချိုးပြင်​ဆင်​​နေရသည်​။  မှန်​​ရှေ့မတ်​တပ်​ရပ်​ကာ အကျီကိုခပ်​​ပြေ​ပြေပြင်​ဝတ်​လိုက်​ရင်း ညို​ဖျော့​ဖျော့ဆံပင်​​တွေကိုအ​ပေါ်ကိုသပ်​တင်​လိုက်​သည်​။ ရင်​ဘက်​ကအကျီကြယ်​သီးကိုတပ်​မည်​ပြင်​လိုက်​​တော့ ဝဲဘက်​ရင်​အုံနားကနီညိုညို အချစ်​အမှတ်​အသား​လေး ....။ သူ့ထိုအမှတ်​အသား​လေးကိုလက်​ညိုး​လေးနဲ့ဖိလိုက်​ရင်း သူဟန်​ပါပါပြုံးမိသည်​။

အဟက်​ ..... အ​တော်​အကိုက်​​တော်​တဲ့ ​ခွေး​လေး ......

အကျီရင်​ဘက်​ကြယ်​သီးကိုတပ်​ရင်းအ​ပေါ်ကုပ်​ကိုလည်း​အ​သေအချာဝတ်​​နေမိသည်​။ ထို့​နောက်​ မီးဖိုခန်းထဲဝင်​ကာ​ရေခဲ​သေတ္တာထဲဖွင့်​ကြည့်​လိုက်​​တော့ ​တွေ့ရခဲတဲ့ နွားနို့ဘူး​လေးနှစ်​ဘူး .....

အဟင်း ...... သူဝယ်​ထားတာများလား ....

NamJoon နွားနို့ဘူးနှစ်​ဘူးလုံးကိုယူကာ Microwave ထဲထည့်​ကာ​နွှေးလိုက်​သည်​။ ထို့​နောက်​ ​ပေါင်​မုန့်​အနည်းငယ်​ကိုယူကာ ကင်​စက်​ထဲထည့်​ထားလိုက်​သည်​။

ကျွန်​​တော့်​ရဲ့ ဘုရင်​​လေးနှိုးရင်​စားရ​အောင်​လို့​လေ ....

NamJoon ​ခြေလှမ်း​တွေကို အိပ်​ခန်း​လေးဆီကိုဦးတည်​လိုက်​သည်​။ ဒီ​နေ့​ကျောင်းသွားရမည်​​လေ။ သူဒီ​နေ့​ကျောင်းသွားရမည်​ဖြစ်​သည်​။ ထို့​နောက်​ Jinကိုလည်းနိုးရမည်​။ လက်​​လေးတွဲကာချစ်​သူနှင့်​​ကျောင်းလမ်းမကြီးထဲကိုအတူဖြတ်​​လျောက်​ချင်​ပါသည်​။
မင်း​ရောငါ့လို​တွေးပါ့မလား ....။ ကျွန်​​တော့်​ကိုရူး​ကြောင်​​ကြောင်​အ​တွေး​တွေ ​တွေးရ​ကောင်းလားဆိုပြီး ငုတ်​တုပ်​ထိုင်​ကာဆဲ​နေမည်​မှာ​သေချာပါသည်​။

Don 't Save Me PleaseWhere stories live. Discover now