Ep.7

6.1K 299 23
                                    

ဒီ​နေ့ အင်္ဂါ​နေ့​ကျောင်းဖွင့်​ရက်​ ....

NamJoon ​ကျောင်းဝင်း​အ​ပေါက်​ဝသို့​မျှော်​ကြည့်​လျှက်​ Jin ကို​မျှော်​​နေမိသည်​။

အင်း ..... Jin ​အတန်းမလာတာ နှစ်​ရက်​ရှိပီ .... ​နေမ​ကောင်း​နေတာလား ....

NamJoon ပြတင်း​ပေါက်​​ဘောင်​​ပေါ်လက်​​ထောက်​​ငေးကာစဉ်းစားခန်းဖွင့်​​နေသည်​။ ခနအကြာမဲ့ရွဲ့​နေ​သော သူ့မျက်​နှာ​ချော​ချောကပြန်​လည်​​တောက်​ပလာကာပါးပြင်​​ပေါ်ကပါးချိုင့်​​တွေ​ပေါ်သည်​အထိပြုံးမိလိုက်​သည်​။ လွန်​ခဲ့နှစ်​ရက်​က Jin နဲ့သူ့ရဲ့အဖြစ်​အပျက်​​တွေကအရမ်းကို​ပေါ​ကြောင်​​ကြောင်​နိုင်​လွန်းပါသည်​။ ဒါ​ပေမဲ့ ထိုကိစ္စပြီးဆုံးပြီးသည့်​အချိန်​မှစပြီး သူ Jin အ​ပေါ်အာရုံစိုက်​မိလာသည်​။ ခုချိန်​​လောက်​ဆိုသူဘာ​တွေလုပ်​​နေမလဲ။ ဘယ်​သူနဲ့ရှိ​နေမလဲ။ အစားမှမှန်​မှန်​စားရဲ့လား။ ဘီယာ​တွေပဲစွတ်​​သောက်​​နေမလား သူ​တွေး​တောပူပန်​​နေမိသည်​။ သူအရမ်း​နေမ​ကောင်း​ဖြစ်​​နေတာလား။

တွေး​နေရင်းသူစိတ်​ရှုပ်​စွာ​ခေါင်း​တွေကိုဆွဲဖွမိသည်​။ သက်​ပြင်း​ခပ်​​လေး​လေးတစ်​ချက်​ကိုဟင်းခနဲချရင်း အ​နောက်​ကိုလှည့်​အထွက်​ သူ့ကိုပြုံးပြီးကြည့်​​နေတဲ့ ဆရာမ​လေး Surin .......

" ဆရာမ ဘာ​ပြောစရာရှိလို့လဲ ....... "

" Arr ...... ဆရာကလွမ်းလွမ်း​ဆွေး​ဆွေး​ငေး​နေလို့​လေ ..... လာစပ်​စုတာ ...... "

" Haha...... ဟုတ်​ပါပြီဗျာ ..... ဒါနဲ့ Kim SeokJin ​ကျောင်းမလာပြန်​ဘူးမလား ..... ဘာဖြစ်​လို့လဲမသိဘူး​နော်​ ဆရာမ ...... "

သူ SeokJin အ​ကြောင်း​လေးများထူးထူးခြားခြားထွက်​လာမလားဆိုပြီးဆရာမ​လေးကို​မေးကြည့်​မိ​တော့ .......

" SeokJin လား ...... စိတ်​ပူမ​နေနဲ့ဆရာ​ရေ .... ခုချိန်​​လောက်​ဆို မိန်းမပျက်​တစ်​​ယောက်​​ယောက်​နဲ့အိပ်​​နေ​ရော​ပေါ့ ...... "

ဆရာမ​လေး Surin ရဲ့စကား​ကြောင့်​ NamJoon အနည်းငယ်​မျက်​နှာညိုးကျသွားသည်​။ ထို့​နောက်​လက်​သီးကိုတင်းတင်းဆုပ်​ထားရင်း ဆရာမ​လေး Surin ကို​ကျောခိုင်းကာထွက်​ခဲ့သည်​။ NamJoon မျက်​​ခုံးတို့ကိုခပ်​တင်းတင်းကျုံ့ထားရင်း

Don 't Save Me PleaseWhere stories live. Discover now