"သခင်မကြီး KyungSoo လေးရဲ့ အဒေါ်ရောက်လာပါတယ်"
အိမ်တော်ထိန်းရဲ့ စကားကြောင့် ထမင်းစားနေသော သခင်မကြီးနဲ့
သခင်လေးတို့ ခဏရပ်သွားသည်။"ဘာကိစ္စလို့ပြောလဲ အိမ်တော်ထိန်းကြီး "
"ဟို..ဟို..KyungSoo လေး ကိစ္စလို့်ပြောပါတယ် "
ခွမ်း....
အိမ်တော်ထိန်းရဲ့စကားဆုံးတော့ လက်ထဲက ဟင်းချိုပန်းကန်ကျကွဲသွားတယ်။ ခြေထောက်နဲ့လက်မှာတော့ ဟင်းရည်ပူတွေ ...
ပူလိုက်တာ...အသည်းခိုက်မတက် ... ဒါပေမယ့် ထိုပူလောင်မှုကို
စိတ်ထဲမရောက် .."အဒေါ်လာတယ် " ဆိုတာကိုသာ ကြောက်နေမိသည်။
"သူ့ကိုပြန်ပြီး လာခေါ်တာများလား"ဆိုတဲ့အတွေးက ပြည့်နှက်လျက်...
ဟင့်အင်း...သူပြန်မလိုက်ဘူး...နောက်တစ်ကြိမ်ထပ်ပြီးတော့
ငရဲလိုနေရာတွေမသွားချင်တော့ ...ပြည့်နှက်လာတဲ့ ခံစားမှုတွေကို မျက်ရည်အဖြစ်
စီးကျစေလိုက်တယ်။သူများတွေက ထင်ကြမှာပေါ့ ...
ဟင်းရည်ပူတွေကြောင့်ငိုတယ်ဆိုပြီးတော့...ဒါပေမယ့်
အဲ့လိုမဟုတိမှန်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသိ.."KyungSoo လေးရယ် ကြည့်ပါဦး အပူလောင်ကုန်ပြီ..
Arjima ဆေးလိမ်းပေးမယ် ..လာ..လိုက်ခဲ့ .."အိမ်တော်ထိန်းက လက်ကိုအတင်းဆွဲပီး ဆေးထည့်ပေးတာကို
ုငြင်းလိုက်ပြီး သခင်မကြီးနဲ့ သခင်လေးရှေ့မှာပဲ
ဒူးထောက်လိုက်တယ်။"သခင်မကြီး...ကျွန်တော့်ကို...ဒေါ်..ဒေါ်လေးဆီ
ပြန်မပို့ပါနဲ့နော်....ကျွန်တော်..ဒူးထောက်ပြီး တောင်းပန်ပါတယ်..
ဒီမှာဘာပဲ လုပ်ရ...လုပ်ရ..ကျွန်တော်အကုန်လုပ်ပါ့မယ်..တစ်ခု..
တစ်ခု.ပဲ.ကျွန်တော့်ကို ဒေါ်လေးဆီ ပြန်မပို့ပါနဲ့နေိာ..."