×××
အိမ်ထဲကိုခြေလှမ်းချလိုက်တာနဲ့ မည်းမှောင်နေတဲ့
ပတ်ဝန်းကျင်ကြောင့် အနည်းငယ်တော့ အလိုမကျ ဖြစ်မိသည်။"အားလူံး ဘယ်ရောက်နေကြတာလဲ "
စိတ်ထဲကနေ မေးခွန်းထုတ်လိုက်ပြီး မီးခလုတ် ရှိရာဆီကို
သွားမည်အလုပ်" ရွှီး...ဖောင်း ..." ဟူ၍ ကျယ်လောင်သော အသံကြောင့်
အနည်းငယ် လန့်သွားမိသည်။"Happy birthday 🎉🎉🎉 သခင်လေး "
သူတို့ပြောမှ ဒီနေ့က ကျွန်တော့်မွေးနေ့ဆိုတာ မှတ်မိတော့သည်။
နှစ်တိုင်း နှစ်တိုင်း အလုပ်ကိစ္စတွေကြောင့် မွေးနေ့ကိုတောင်
မေ့နေခဲ့တာ ... ဒီနှစ်လည်း မေ့ပြန်ပြီ....ဒါပေမယ့် ... ဒီနှစ်တော့ တစ်ခုခု ပြောင်းလဲနေသလို ခံစားရသည်။
အရင်ကဆို ကျွန်တော့်မွေးနေ့ကို omma တောင်မှ
Surprise မလုပိဖူးပေ။..ဒီနှစ်... ဘယ်လိုလုပ်ပြီး ... အကုန်လူံးက .. အခုလို
Surprise လုပ်ရသည်ကိုတော့ ... မသိ...။"မွေးနေ့မှာ ပျော်ရွှင်ပါစေ ... သခင်လေး .. "
တစ်ယောက်ပြီး တစ်ယောက် မွေးနေ့ဆုတောင်းပေးပြီးလို့
နောက်ဆုံးထိ KyungSoo ဆိုတော့ ကောင်လေးကို
အရိပ်အယောင်တောင် မမြင်ရ။အခုမှ သတိထားမိပါရဲ့ ... ဒီနေ့ မနက်ကတည်းက
သူ့ကို မတွေ့ရတာပင်..."Happy Birthday ပါ ..သား .. "
"ကျေးဇူးတင်ပါတယ် omma "
"Omma အခု dinner ပွဲ တက်စရာ ရှိလို့ ..မွေးနေ့လက်ဆောင်ကို နောက်နေ့မှ ပေးမယ် .. Good night "
ပါးပြင်ပေါ်ကို အနမ်းတစ်ချက်ပေးကာ ထွက်သွားသော
Omma ကျောပြင်ကို ကြည့်ပြီး စိတ်ထဲဝမ်းနည်းလာသလိုလို...တစ်ခါမှ ..ကျွန်တော့်အတွက် .. မွေးနေ့ကို သေသေချာချာ
ပြင်ဆင်ပေးလေ့ မရှိတာကြောင့် ... ဝမ်းနည်းမိတာဆို
ပိုမှန်လိမ့်မည်။