"Omma ကျွန်တော်နဲ့ KyungSoo ကို သဘောတူပေးပါ "
မျက်လုံးတွေမှိတ် ခြေချိတ်ထိုင်ပြီး တစ်ခုခုကိုစဉ်းစားနေဟန်ပြုတဲ့ သူ့အမေကို JongIn တစ်ချက်ကြည့်ပြီး ပြောစရာရှိတာအကုန်ပြောလိုက်သည်။
သူလိုချင်တာ တစ်ခုက KyungSoo နဲ့ သူနဲ့ကို သဘောတူတယ်ဆိုတဲ့ စကားတစ်ခွန်း ..."Omma သိအောင် ပြောပြတာ
ဲဒါဆို ကျွန်တောသွားတော့မယ် "အချိန်အကြာကြီးဆက်မနေချင်တာကြောင့် မြန်မြန်ပြောပြီး
မြန်မြန်နှုတ်ဆက်လိုက်သည်။"နေဦး JongIn. .. ငါ့ စကားကိုနားမထောင်ပဲ သွားတော့မလို့လား "
အမိန့်ဆန်တဲ့ အသံအောက်မှာ JongIn ခြေလှမ်းတွေ ခေတ္တမျှရပ်တန့်သွား၏။
"Omma ရဲ့ အဖြေက ဘာဖြစ်မလဲဆိုတာကို သိပြီးသားပါ .... omma ဘက်က ဘာလုပ်လုပ် ကျွန်တော့်ဘက်က မလျှော့ပေးနိုင်ဘူး ... အခုလာတယ်ဆိုတာကလဲ
သူ့ကို ထိခိုက်အောင် မလုပ်ဖို့နဲ့ အသိပေးရုံသက်သက်ပါ
ကျွန်တော် လိုချင်တဲ့အဖြေမဟုတ်သ၍ ကျွန်တော့်ဘက်က ဘာမှဆက်ပြောစရာမရှိပါဘူး ... သွားပြီ "အနောက်ကနေ သူ့နာမည်ကိုခေါ်တဲ့အသံကြားပေမယ့် လျစ်လျူရှူပြီး ရုံးကိုသွားလိုက်သည်။ ရုံးမှာလုပ်လက်စအလုပ်တွေကို ခပ်မြန်မြန်လက်စသတ်မှ ညနေအိမ်စောစောပြန်ရမယ် ဆိုတဲ့ အတွေးနဲ့ နေ့လယ်စာတောင် မစားပဲ
မရပ်မနားလုပ်နေလေ၏။JongIn အလုပ်လုပ်နေပေမယ့် စိတ်ထဲမှာတော့ နာရီတွေကိုသာ မြန်မြန်ကုန်ဆုံးချင်နေသည်။ အလုပ်ကိုမနည်းအာရုံစိုက်ကာလုပ်နေပေမယ့် စိတ်က KyungSoo ဆျီရာက်ဖို့ ဆိုတဲ့ အတွေးနဲ့ပြည့်နေလို့ ကိုယ့်ကိုယ်ကို
သတိပေးကာနေလိုက်သည်။ညနေအိမ်ပြန်ရောက်တဲ့အခါ KyungSoo နားမှာ မခွာပဲ နေမိမှာတော့ အသေအချာ ...
~~~~~
ညနေမှောင်စပြုလာလေလေ KyungSoo စိတ်တွေ
တဖြည်းဖြည်း စိုးရိမ်လာလေလေ ဖြစ်နေသည်။ဦးငယ်ကြိုက်တဲ့ အရာတွေကို အကုန်ချက်ထားပြီး
ဧည့်ခန်းမှာထိုင်ကာ တံခါးပေါက်ကို မျှော်ကြည့်နေရင်း အေးစက်နေတဲ့လက်ဖျားတွေကို အချင်းချင်းပွတ်ကာ အနွေးဓာတ်ပေးနေလိုက်သည်။