×××
"ကလေး "
"ဒီညတော့ကောင်းကောင်းအိပ် ... sofa ပေါ်မှာပဲအမြဲအိပ်မနေနဲ့
..ကိုယ့်ကိုယ်ကို ဂရုစိုက်ပါကလေး .."နားထဲမှာ တစ်စထက်တစ်စ ပျံ့လွင့်နေတဲ့ ဦးငယ်ရဲ့ စကားသံကြောင့်
KyungSoo အခုထိ စိတ်နဲ့လူနဲ့မကပ် ...
အိမ်တော်ထိန်းက လှေကားပေါ်ကနေတွဲထူပြီး သူ့နေရာဆီကို
ပို့ပေးသည့်တိုင်အောင် အသိစိတ်ကတော့ ဦးငယ်ရဲ့ ခပ်သြသြ
ရှတတအသံမှာ လိုက်ပါစီးမြောနေသည်။ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာပြီး အငွေ့ပျံသွားချင်လောက်တဲ့အထိ ထိုအသံမှာ ကျရှုံးခဲ့သည်။
"ဒ.. ဒါ... ဆို sofa ပေါ်မှာ အိပ်တာကို ဦးငယ်က သိနေခဲ့တာလား "
ထိုသို့အတွေးမျိုးက အကြိမ်ကြိမ်အခါခါ ဝင်လာ၏ ...
တွေးမိတိုင်းလည်း ပါးစပ်စိလို့မရတဲ့အထိ ဝမ်းသာမှုတွေက
ပေါများလွန်းသည်ပင် ~~Sofa ပေါ်မှာလှဲဖို့ ကြံလိုက်ပေမယ့် ဦးငယ်ရဲ့ စကားက
နားထဲကနေမထွက်တာကြောင့် ကုတင်ပေါ်မှာ လှဲလိုက်သည်။
့ခြုံစောင်ကို ရင်ဘက်ပေါ်ထိ ဆွဲယူလိုက်ပြီး မျက်နှာကြက်ကိုသာ
တွေတွေကြီး စိုက်ကြည့်မိသည်။ လက်ထဲမှာလည်း စောင်အနားစကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။နာရီသံကား တစ်ချက်ချင်းစီ ပီသစွာ ထွက်ပေါ်နေ၏ ...
မဟူရာညအမှောင်ကို လမင်းရဲ့ အလင်းရောင်ကလည်း ထိုးခွင်းနေ၏ ...
ဖြူလွလွ ခန်းစီးစကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပြည်ကလည်း
အေးစက်မှုကို ဖော်ဆောင်နေသည်။ဤသို့ဖြင့် ....,
နာရီသံက်ု သဲကွဲစွာ မကြားရတော့ ...
လမင်းရဲ့အလင်းရောင်သည်လည်း မှိန်ပျပျဖြစ်နေလျက် ...
တိုက်ခတ်လာသော လေပြည်သည်လည်း မအေးစက်တော့ ...ဤသို့ဖြင့် ...
မနက်ခင်းသို့ ကူးပြောင်းခဲ့သည့်တိုင်
.မျက်နှာကြက်ကို ငေးကြည့်နေသော
ကောင်လေးကတော့ ထိုသို့ငေးကြည့်နေဆဲပင်...ဒီလိုနဲ့ ... ကျွန်တော့်ရဲ့ ညတာ တစ်ခုလုံးကို
ဦးငယ်ရဲ့ အကြောင်းတွေးကာ ကုန်ဆုံးစေခဲ့ပါသည်။