Part-(24)Z×U

3.6K 295 5
                                    

JongIn က KyungSoo ရဲ့လက်​ကိုကိုင်​ထားရင်းနဲ့ တစ်​​နေရာရာကို ကားကို​မောင်း​နေသည်​​။

KyungSoo က​တော့ အသာ​လေးငြိမ်​​နေပြီး​တော့ တစ်​​နေရာရာကိုသာ​ငေးကြည့်​​​နေသည်​။

"ကျွီ"

JongIn ကားရပ်​ပြီးတာနဲ့ သူ့ရဲ့လက်​နှစ်​ဖက်​နဲ့ KyungSoo မျက်​နှာ​လေးကို ဖွဖွ​လေးကိုင်​ကာ သူနဲ့မျက်​နှာချင်းဆိုင်​ခိုင်းလိုက်​သည်​။

"က​လေး "

KyungSoo က မျက်​​တောင်​​လေးကို ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး JongIn ကို ပြုံးကာကြည့်​လာ၏။

"ဟုတ်​ ဦးငယ်​ "

KyungSoo ရဲ့ အသံ​လေးက တကယ်​ကိုတိုးတိုး​လေး ... ပြီး​​တော့ တစ်​ချက်​တစ်​ချက်​ တိမ်​ဝင်​သွားသည်​​။

"ဦးငယ်​ကို မလိမ်​ရဘူး​လေ ... က​လေးခံစား​နေရတာ​တွေကို ဦးငယ်​ကို အကုန်​​ပြောပြမယ်​လို့ ကတိ​ပေးထားတယ်​မလား ... ဟမ်​ ဦးငယ်​ကိုယုံတယ်​ဆို ... ဦးငယ်​ကိုယုံရင်​ အမှန်​တိုင်း​ပြောပြ"

KyungSoo က JongIn စကား ​ပြောပြီးတာနဲ့
JongIn ရဲ့လက်​ကိုဖယ်​ပြီး အတင်းဖက်​ထားလိုက်​သည်​။

JongIn က ပြန်​လည်​သိုင်းဖက်​ပြီး​တော့ KyungSooရဲ့ ဆံပင်​​တွေကို နမ်းရှိုက်​လိုက်​သည်​။

"​တောင်းပန်​ပါတယ်​ ဦးငယ်​ ... ကျွန်​​တော်​ အရမ်း ခံစားလွယ်​သွားတယ်​ ... သခင်​မကြီးရဲ့ စကားကိုကြားပြီး ကျွန်​​တော်​အားငယ်​​နေခဲ့တာ

ဦးငယ်​က ကျွန်​​တော်​က မတန်​ဘူး .. ပြီး​တော့ ကျွန်​​တော်​ အဆင့်​​ကျော်​မိတယ်​ဆိုပြီး ​တွေးမိလို့ ... ဒါ​ပေမယ့်​ ... ကျွန်​​တော့်​နှလူံးသားက အဲ့တာ​တွေ​စဉ်းစားမိတိုင်း အရမ်းနာကျင်​တယ်​ ..
ဦးငယ်​နဲ့ကျွန်​​တော်​မဖြစ်​သင့်​ဘူးဆိုတာသိ​ပေမယ့်​ နှလုံးသားက လက်​မခံပဲ ဦးငယ်​ကိုပဲ ... ဟင့်​ "

စကား​ပြောလိုက်​ ငိုလိုက်​ ... JongIn ကို ပိုပြီးဖက်​လိုက်​နဲ့ဖြစ်​​နေတဲ့ KyungSoo ကို JongIn က ဘာမှမ​ပြောပဲ ဆံပင်​​လေးကို သာသာ​လေးဆွဲဖွ​ပေး​နေသည်​။

L.O.V.E [Z×U]Where stories live. Discover now