"အင်း" ဆိုတဲ့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ ဖြည်းဖြည်းချင်းပွင့်လာတဲ့ မျက်လုံးတွေ ...
လေအနည်းငယ်တိုက်နေတာကြောင့် ခန္ဓာကိုယ် အပေါ်ပိုင်းက တစ်ချက်ချက် အေးကနဲဖြစ်သွားသည်။
လေတိုက်တဲ့အခါတိုင်း ခါးပေါ်ကိုရောက်ရောက်လာတဲ့ လက်လေးက တစ်ချက် တစ်ချက် တင်းနေအောင်ဖက်ထားသည်။အဝတ်မပါတဲ့ အနေအထားမို့လို့ အနီးကပ်ဆုံးရှိလေလေ ပို၍ထွေးပွေ့လေလေ ...
JongIn ပဲ အရင်နိုးပြီး သူ့လက်မောင်းပေါ်က ကောင်ငယ်လေးရဲ့ ဆံပင်တွေထဲကို နှာခေါင်းနှစ်ဝင်ကာနမ်းလိုက်သည်။
မနက် ၇ နာရီပဲရှိတာမို့လို့ ပင်ပန်းထားတဲ့ ကလေးကို ဆက်အိပ်ပါစေဆိုပြီး ပါးပြင်လေးတွေကို အနမ်းပေးပြီး ဆက်အိပ်စေလိုက်သည်။
သူကတော့ အိပ်မောကျနေတဲ့ ကောင်ငယ်လေးကို ကြည့်မဝပဲမြတ်မြတ်နိုးနိုး ငုံ့ကြည့်နေမိသည်။
အိပ်နေပေမယ့် မျက်ခွံလေးတွေလှုပ်လိုက်
တစ်ချက်တစ်ချက် လျှာလေးနဲ့ နှုတ်ခမ်းလေးကိုသပ်လိုက်
နှုတ်ခမ်းလေးက ထော်လာလိုက်
မျက်မှောင်ကြုတ်သွားလိုက်နဲ့ ဖြစ်နေတဲ့ KyungSoo ကို JongIn က သဘောတကျနဲ့ ကြည့်နေမိပြန်သည်။နောက်တစ်ကြိမ် ပြန်ပြီး ဆူထော်လာတဲ့ နှုတ်ခမ်းလေးကို JongIn က လွှတ်မပေးတော့ပဲ ဖိကပ်လိုက် ခွာလိုက် ... ခပ်ဖွဖွလေးငုံလိုက် အပေါ်နှုတ်ခမ်းလေးကို ကိုက်လိုက်
အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်နဲ့ ကျီစားနေသည်။နည်းနည်းကြာလာတော့ KyungSooက မျက် လုံး မပွင့်သေးပဲနဲ့ လက်လေးတွေနဲ့ အရင် တွန်းဖယ်လေသည်။
"အွန့် .... ဟင် ... ဦး "
KyungSoo ရဲ့ပုံစံလေးကတကယ်ချစ်ဖို့ကောင်းနေတာကြောင့် JongIn က အပေါ်ကနေ ဖိထားလိုက်ပြီး လည်ပင်းတွေကိုပါ ဖိကပ်လာသည်။