Part-5 (Z and U)

8.2K 1K 99
                                    

Zawgyi

"မချစ်​ပါနဲ့Jun....Zhang Yixingကိုမချစ်​ပါနဲ့.." တုန်​ယင်​စွာငိုရှိုက်​ကာ​ပြော​နေ​သောအစ်​မ​တော်​ရဲ့အသံဟာ..နားဝင်​ဆိုးလှသည်​....

ဘာမှတုံ့ပြန်​မှုကြီးကြီးမားမမ​ပေးနိုင်​​တော့...​အောက်​နှုတ်​ခမ်းတို့ကိုသာခပ်​​နာနာဖိကိုက်​မိသည်​.....

ငယ်​စဉ်​ကတည်းက..​မယ်​​တော်​နဲ့တူတူသား​ချော့​တေးဆိုကာ​ချော့ခဲ့​သော...

တီတီတာတာ သံစဉ်​​လေး​တွေဆိုပြဖူး​သော...

သူသိပ်​ချစ်​ရတဲ့အစ်​မ​တော်​ရဲ့အသံဟာ..နားထဲသို့မဝင်​ချင်​ပါပဲဝင်​ရသည်​...

ထို့အတူ..ရင်​ထဲမှလည်းခံပြင်းသည်​...

ဘာလို့များ....ကျွန်​​တော်​ချစ်​ရတဲ့သူကို..

Jun Myeonအသံတိတ်​​နေမိသည်​....

မြင်​နိုင်​စွမ်းမဲ့...သူ့ကိုဘာ​ကြောင့်​ချုပ်​ကိုင်​ချင်​​နေကြသနည်း....

Xingနဲ့ပက်​သတ်​ပြီးခါးသီး​နေကြတာကိုသူနားမလည်​....

Xingနဲ့လက်​ထပ်​ပြီး​နောက်​...အပြစ်​ဒဏ်​မှလွတ်​လာ​သောအစ်​မ​တော်​ဆီသူပထမဆုံးအကြိမ်​​ရောက်​​တော့..​ပြောကြားခံရတာ...

"Zhang Yixingကိုမချစ်​လိုက်​နဲ့Jun ​လေးတဲ့.."

ရင်​ထဲ​မောပန်းရသည်​.....

ချစ်​ရ​သောXingအားအပြစ်​မြင်​​နေသည်​ကိုမ​ကျေနပ်​...

ထို့အတူ..Xingအ​ပေါ်အထင်​လွဲမှု​တွေကိုဘာမှလုပ်​မ​ပေးနိုင်​တဲ့အတွက်​လည်းသူမ​ကျေနပ်​ပါ......

လက်​ထဲသို့ထည့်​​ပေးထားတဲ့...ကြာပန်းလက်​ဖက်​​ခြောက်​ခပ်​ထား​သောရေ​နွေးကို​သောက်​လိုက်​သည့်​တိုင်​...ရင်​ထဲမှတစ်​ဆို့မှုကမကျ....

သူမမြင်​ဖူး​သောကြာပွင့်​ဆို​သောအရာသည်​...မည်​သို့​သောပုံစံနှင့်​..သူ့ခန္ဓာကိုယ်​အတွင်းအကျိုးပြုမည်​မသိနိုင်​....

သင်းထုံထုံပန်းရနံ့ရှိတဲ့ကြာ.......

သူသိတာ​ပေါ့.....

ငယ်​စဉ်​ကအစ်​မ​တော်​နဲ့အတူတူ..ကြာကန်​ပြင်​ထက်မှာ..​စောင်းတီးသင်​ခဲ့ကြတုန်းက.....သူရခဲ့တဲ့..သင်းပျံ့  ​နေတဲ့ရနံ့​တွေ...

Benign(COMPLETED)Where stories live. Discover now