Zawgyi
မေတ္တာတရားအားမည်သို့ ခေါင်းစဉ်ပေးသတ်မှတ်သနည်း
တစ်နည်း....မည်သူ့ဆီကသူမေတ္တာရနိုင်သနည်း
မိမိအားဝမ်းနဲ့လွယ်မွေးဖွားပေးသော လေးစားဖွယ်အမျိုးသမီးကြီးရဲ့ချစ်ခြင်းတရားတွေလက်ခံမရခဲ့လို့ပေလားမသိ....တစ်ဦးတစ်ယောက်ကို မည်သို့မည်ပုံချစ်ရမည်သူမသိ
ဒါမှမဟုတ်...သူဘယ်သူ့ကိုမှမချစ်တာလည်းဖြစ်နိုင်မည်
အနိုင်အရှုံးကိုပဲ နှလုံးသား ထဲထည့်သွင်းထားခဲ့တဲ့သူက သူ့မိခင်ဆီက ချီးမြှောက်မှုတစ်ခုကိုပြင်းပြင်းထန်ထန်လိုချင်ခဲ့ဖူးသည်....ယခုထက်ထိလည်း လိုချင်နေဆဲဖြစ်သည်
မည်သို့သော ရတနာပစ္စည်းကိုမှသူမလိုပါ...သူလိုတာကမိခင်ရဲ့ မေတ္တာတရားသာ
သို့သော် ကံကြမ္မာကျိန်စာတစ်ရပ်က Zhang Yixingတည်းဟူသောဖြစ်တည်မှုအပေါ် ရက်စက်သည်ပဲဆိုရပေမည်လားမသိ......သူချီးမြှောက်မခံရသလို...ချစ်တယ်ဟုအပြောမခံရပါ....တစ်ခါမှပေါ့...
အနိုင်လိုချင်စိတ်ပြင်းထန်လာတဲ့အခါ သူ့ကြိုးစားမှုတွေက ကြောက်စရာဖြစ်ကုန်သည်
သူ့အားထုတ်မှုတွေက အန္တရယ်အဖြစ်ပြောင်းလဲသည်
နန်းတွင်းအသိုင်းဝိုင်းရဲ့ မိစ္ဆာတစ်ကောင်လို ရက်စက်ခြင်းဂိုဏ်းအသွင်းခံရသည်
ထို့ကြောင့် မိခင်မေတ္တာရဖို့ကြိုးစားရင်း....ဂုဏ်သရေရှိဟုသတ်မှတ်ထားတဲ့အသိုက်ဝန်းရဲ့ နှာခေါင်းရှုံ့စရာလူသားတစ်ဦးပဲဖြစ်လာခဲ့ရတာ
သူသိတာက....သူနိုင်ဖို့ကလွဲရင်...တခြားမရှိသလောက်ပင်
"ချစ်တယ်" ဟူသော စကားလုံးတွေနဲ့ဝေးကွာနေတာ လူရယ်လို့ဖြစ်လာတဲ့ကာလကစပြီး...
ဂရုတစိုက်ဆိုတာမျိုးအထိအတွေ့တွေသူရခဲ့ဖူးသလားဆိုတဲ့မှတ်ဥာဏ်တောင် ဝေဝေဝါးဝါးဖြစ်ကုန်ပြီ
YOU ARE READING
Benign(COMPLETED)
Romanceမြင်လွှာတည်းဟူသောတပ်မက်ဖွယ်အာရုံတို့ကိန်းအောင်းဝင်ရောက်တတ်ရာအရပ်ကင်းမဲ့သော်လည်း~~~~~~ Not translation: ) It's my very own creation.Can you take care about your reading list? XingHo fanfiction: 3