Part-11 (Z and U)

7.4K 879 17
                                    


Zawgyi

မွှေးစိမ့်​အီ​နေတဲ့ ပန်း​ပေါင်းစုံတို့ရဲ့ ရနံ့  ​တွေက ပျံ့နှံ့​ရောပြွမ်း​နေသလို

အ​ငွေ့အစိုင်​ ဖြူဖြူတို့
ကလည်း ​ရေပြင်​ထက်​​ပြေးယှက်​​နေကြသည်

ဗွက်​ခနဲထလာတတ်​တဲ့​ရေပေါက်​​တွေကြား ဖြူဝင်း​သောခန္ဓာကိုယ်​​လေးက ငြိမ်​သက်​စွာ ရှိ​နေသည်

ရေမျက်​နှာပြင်​ထက်​ ယိမ်းခါ​နေတဲ့ လက်​​ချောင်း​လေး​တွေ​ကြောင့်​ ​ရေပြင်​က လှုပ်​လှီလှုပ်​လဲ့ရှိ​နေသည်

ဝင်းမွတ်​​နေတဲ့ လက်​​မောင်းစိုင်​ တင်းတင်း​၊ ရှည်​လျား​ချော​မွေ့​နေတဲ့ လည်​ပင်း၊ ဆံစအနည်းငယ်​နဲ့ ​မွှေးညင်းနုနု​လေး​တွေ​ရောယှက်​ထားတဲ့ လည်​ဂုတ်

ထိုဖြစ်​တည်​မှု​လေးရဲ့အနီးနားတ​ရွေ့​ရွေ့ကပ်​ကာ စည်းထုံးထားတဲ့ဆံစတို့ကို​ဖြေချမိ​တော့ ပိတုန်း​ရောင်​​ကေသာ​တွေက ​လျှောခနဲ​ပြေကျလာ၏

ကျောပြင်​​ဖွေး​ဖွေး​တွေပါဖုံးအုပ်​​နေပြီး တချို့ဆံသား​တွေက ခပ်​​နွေး​နွေး​ရေပြင်​ထက်​ ဝဲလို့ဖြာလို့​နေရာယူသည်

အံ့​အောသွားသ​ယောင်​လန့်​သွား၍ ​စူးစမ်း​နေဟန်​က က​လေးတစ်​​ယောက်​လို့ဖြူစင်​သည်

လက်​​ချောင်း​တွေကိုတွဲကိုင်​​တော့ နှုတ်​ခမ်း​တော်​တို့ကို အပြုံးပန်းဆင်​​လေရဲ့

"​ကိုယ်​ကြာသွားတယ်​ ပြီးရင်​Jun ဝတ်​လဲ​တော်​အတွက်​ပါ ကိုယ်​ပြင်​ခိုင်း​နေလို့"

"ရပါတယ်​....ကျွန်​​တော်​​ရေစိမ်​​ရတာလည်းသ​ဘောကျတယ်​" ပြုံးရွှင်​ကာ​ပြောတဲ့​ကောင်​​လေးက သူ့လက်​​တွေကိုပါလှုပ်​ယမ်းသည်

ရေ​ဆော့ရလို့​ပျော်​ရွှင်​​နေတဲ့ က​လေးတစ်​​ယောက်​လို သွား​တွေအကုန်​​ပေါ်သည်​အထိရယ်​​မော​နေတာများ...

မျက်​လုံးအိမ်​ငယ်​တို့ကို မှိတ်​ကျသည်​အထိ ရယ်​​မောသည်

ဖြာကျ​နေတဲ့ဆံပင်​​တွေကိုဆွဲသပ်​ကာ နား​နောက်​ဖက်​ကိုညှပ်​​ပေး​တော့ ကျုံ့ခနဲဖြစ်​သွားပြီး နှုတ်​ခမ်းငယ်​တို့ကိုပိရိ​အောင်​ပိတ်​ပစ်​သည်​.....ဒါက သူ့ကြင်​ယာ​တော်​​လေးရဲ့ရှက်​ခြင်းပြယုဂ်​ဖြစ်​မည်

Benign(COMPLETED)Where stories live. Discover now