Part-17 (Z and U)

5.8K 757 67
                                    

အရင်နုနုသို့ကူးလူးနေသော နေရောင်ခြည်သည် ညနေခင်းရဲ့ အငွေ့အသက်ကို ထင်ရှားပေါ်လွင်စေသည်။တောင်တန်းညှို့ညှို့တို့ထက် ရောင်ဝါတစ်ချို့ဖြာကျနေတာက နံနက်နေရောင်လို လတ်ဆတ်မနေပဲ လွမ်းမောဖွယ်။

တေးသွားချိုချိုသည် အဝေးတစ်နေရာက သိုသဲ့သဲ့ထွက်ပေါ်နေသော တောင်ကျရေစီးသံကြား မှာ ညင်သာစွာပျံ့လွင့်နေသေးသည်။

ငှက်ငယ်ရဲ့ လွမ်းဆွေးသီကျူးသံသဲ့သဲ့ဟာ အိပ်တန်းတက်ချိန်ကိုကြိုဆိုဖို့ အဆင်သင့်ဖြစ်ကာနေ၏။

လေညင်းနုနုရဲ့ ပြေးလွှားကျီစယ်မှုတွေ၊ နောက်ပြီး ဘေးနားမှာ အငေးမောချင်ဆုံးလူသားတစ်ဦးရှိနေသော အခြေနေ။ အရာရာဟာလှသည်။ သွေးသံရဲရဲတွေမှာ ပျော်ဝင်နေတဲ့ နှလုံးသည်းပွတ်ဟာ ကြာပန်းကြာဆစ်လို နွဲ့ကာ ယိမ်းကာ တိမ်းညွတ်သည်။

အနည်းငယ်ဖရိုဖရဲဖြစ်ကာနေသော အင်္ကျီစကိုဆွဲကာ မတင်နိုင်သေး။ အာရုံတစ်ချက်လွတ်သွားရင် ရင်တစ်ခုလုံး လောင်မြိုက်သွားမှာကိုကြောက်ရွံ့နေရသလိုမျိုး။တမေ့တမောငေးနေမိတာ။မေ့မောနေတာတော့မဟုတ် အလုံးစုံသော အသိစိတ်အာရုဏ်တို့ကို တစ်ဦးထဲဆီမှာပဲ အပ်နှင်းပစ်လိုက်တာ။

အလှုပ်အခတ် အကြွအရွ လက်ရာမြောက်ပန်းချီကာတစ်ချပ်ထဲရောက်နေသလို၊ဒါမှမဟုတ် ရုပ်လုံးကြွလွန်းတဲ့ပန်းပုရုပ်လေး သက်ဝင်လှုပ်ရှားနေသလို။ အရာရာဟာ တီးခတ်နေတဲ့လက်တွေဆီမှာပဲ။စိတ်ရော ကိုယ်ရော ဝိညာဉ် ရော နောက်ပြီး နှလုံးသားတစ်ခုလုံးရော။

ရှင်းလင်းကာနေသော နှာဖူးပြင်ကျယ်ကျယ်။ သာမာန်ယောကျာ်းတစ်ယောက်ရဲ့ အသွင်အပြင်မှာ ခမ်းနားခြင်း၊ နူးညံ့ခြင်း၊ထည်ဝါခြင်းတွေပေါင်းစပ်ပါဝင်ထားသည်။နောက်ပြီး သူပိုင်တဲ့ချစ်ခြင်းတွေရော။

ဒီအမျိုးသားကို သူပိုင်သည်။
ဒီအမျိုးသားဟာ သူပိုင်သောအမျိုးသားဖြစ်သည်။
ဒီအမျိုးသားဟာ အဖိုးထိုက်သော ဟင့်အင်း နှိုင်းခိုင်းရက်စရာ အဖိုးခမရှိလောက်တဲ့ထိ ထိုက်တန်သော လူသား။
မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ သူ့နှုတ်ခမ်းချိုချိုတွေကိုနေရာချပေးမိလေတိုင်း ၊ ထိုအမျိုးသားရဲ့နှုတ်ခမ်းအစုံက သူ့အမည်နာမကို ရေရွတ်လေတိုင်း....ထိုထိုသော အချိန်တိုင်းမှာ.
အရာရာဟာ ထိုအမျိုးသားဖြစ်သည်။

Benign(COMPLETED)Where stories live. Discover now