Part-9 (Z and U)

6.9K 855 29
                                    

Zawgyi

တလက်​လက်​​တောက်​​နေတဲ့ ရတနာစီခြယ်​ထားတဲ့ဝတ်​ရုံဝတ်​ဆင်​ထားတဲ့မယ်​​တော်​ကြီး

Zhang နိုင်​ငံရဲ့အရှင်​သခင်​မ

ယောက်ျားဖြစ်​သူမရှိ​တော့သည့်​တိုင်​ အာဏာစက်​ကြီးမားဆဲသူမက သားကြီးဖြစ်​သူမင်းတရားအ​ပေါ်ပါလွှမ်းမိုးနိုင်​​သေးသည်

အပြုံးအရယ်​ရှားပါး​သော မျက်​နှာ​တော်​ထက်​က မာန်​တစ်​ခု​ကြောင့်​​ပေလားမသိ သက်​​တော်​ကြီးပြီဖြစ်​တာ​တောင်​ ကြည်​ညိုဖွယ်​​ကောင်း​အောင်​လှပတင့်​တယ်​တုန်း

စူးစိုက်​ကြည့်​​နေ​သောမျက်​လုံးအိမ်​​အောက်​ အသက်​ရှူမဝဖြစ်​​နေရတာ Yixing

နှုတ်​ခမ်းတို့တင်းတင်း​စေ့ထား​သော မယ်​​တော်​ကြီးဆီက ကြားရမည့်​စကားသံ​တွေကို သူ​ကြောက်​သည်

ငယ်​ငယ်​ကတည်းက အစ်​ကို​တော်​ထက်​ Yixingကို ပိုချစ်​တယ်​လို့တစ်​ခါမှမ​ပြောဖူးသလို ၊အစ်​ကို​တော်​​လောက်​လည်းဂရုမစိုက်​ဖူးပါ

ချီးကျူးစကားလည်းမ​ပြောဖူးတဲ့ဘမယ်​​တော်​က ဘုရားစူး သူ​မွေးသမိခင်​ပါတဲ့

မျှော်​မှန်းချက်​ဆိုတာလည်း သားကြီးဖြစ်​သူအ​ပေါ်မှာသာထားပုံရတဲ့ သူမဆီက အား​ပေးမှု​တွေသူမက်​​မောဖူးသည်

လဲကျလို့မျက်​ရည်​ကျရင်​​တောင်​လက်​ကမ်းမဲ့အစား သူမရဲ့ပိုးပုဝါကိုပဲပစ်​​ပေးခဲ့တဲ့မယ်​​တော်​ကို သူမမုန်းရက်

သူမယ်​​တော်​ကိုချစ်​သည်

မယ်​​တော်​သူ့​ကြောင့်​စိတ်​ပျက်​မှာကိုမလိုလား

သူ့အ​ကြောင်းတစ်​ခါမှစိတ်​ဝင်​စားဟန်​မရှိတဲ့ ​မယ်​​တော်ကြီးက​တော့ သူဘာလုပ်​လုပ်​အပြစ်​မမြင်​။

သူမကYixingအားစိတ်​မဝင်​စားတဲ့ပုံပင်

ယခုလည်း ကြင်​ယာ​တော်​ကိစ္စနဲ့သူ့ကို​ရေ​ရေရာရာမဆုံးမ

သူမစိတ်​ထဲ Yixingက ​ကြွေ​ရေ​နွေးခွက်​ထဲက လက်​ဖက်​စိမ်းရည်​​လောက်​ပင်​စိတ်​ဝင်​စားစရာမ​ကောင်းတာလား

Benign(COMPLETED)Where stories live. Discover now