Zawgyi
ဖြူခြင်း ဝါခြင်း စိမ်းခြင်း စသည် စသည် စုံလင်လှရော အရောင်တို့ဖြင့် ပက်ဖျန်းထားသလို လှပလွန်းတဲ့ ဥယျာဉ်တော်။
တေးသီငှက် တချို့ရဲ့ တီတီတွတ်တွတ် အသံငယ်တို့ဟာ ပျံ့နှံ့လို့နေပြန်သည်။"ပန်းရောင် ပန်းရောင်၊ ဒါက နှင်းဆီ နှင်းဆီ နှင်းဆီ နှင်းဆီ"
သက်ပြင်းငယ်တစ်ချက် အဝေ့ ပန်းနုရောင်နှင်းဆီပွင့်ဖတ်လေးက လှပ်ခနဲ။ ပန်းပွင့်ဖတ်ကို လက်ညှိုးနဲ့ လက်မကြား ညှပ်ကာ အသာဖိချတော့ ကြွေကာကျသွားလေသည်။
"နှင်းဆီ ပွင့်ဖတ်ကြွေတာ ကြွေတာ"
ချောက် ချောက်.....ခြေသံတီးတိုးကြားတဲ့ အခါ ခါးကိုမတ်လိုက်မိသည်။ အင်္ကျီလက်စတွေအသာ ဆွဲမိလိုက်ပေမဲ့ ကြောက်လန့်လွန်းတာ ကြောင့်တော့မဟုတ်ခဲ့။
နှုတ်ခမ်းစွမ်းလေး ကွေးတက်သည်အထိ ပြုံးလိုက်မိတဲ့နော် မျက်နှာရှေ့ရောက်လာသော လက်ဖဝါး..ဟုတ်တယ် ဒါက လက်ဖဝါး။ ထိုလက်ရဲ့ လက်ကောက်ဝတ်ကို ဆတ်ခနဲဖမ်းကာ ဆွဲလိုက်တော့ တအားအား အော်သံနဲ့အတူ ဘေးနားရောက်လာတဲ့ လူတစ်ယောက်။ မျက်ခုံးပင့်ကာကြည့်မိတော့ ထိုလူက ရယ်သည်။
အစိမ်းရောင် ဒေါင်းပုံအကြီးကြီးနဲ့ ဝတ်ရုံဖားဖားကြီးက ထိုသူရဲ့ ကိုယ်ပေါ်မှာ တင့်တယ်စွာ။
"လွှတ် လွှတ်တော့ Jun Myeon " ညည်းတွားကာအော်တော့မှ လက်ကိုလွှတ်ပေးလိုက်တော့ သူ့လက်သူကိုင်ကာ ငုံ့ကြည့်ရင်း ပွတ်သပ်ရှာသည်။
လက်နှစ်ဖက်ကို ခါလိုက်ပြီး ထိုင်ရာကနေထကာ ခေါင်းကိုမော့လို့ လက်နောက်ပစ်ပြီး Jun Myeon အဆောင်အတွင်းက ထွက်တော့ ထိုသူက နောက်က အသာ လိုက်ကာလာသည်။
ခြေတစ်လှမ်း နှစ်လှမ်း...သုံးလှမ်း။ နောက်က အသံကလည်း Jun Myeonခြေလှမ်းတွေနဲ့ထပ်တူ။ ကြာပြင်ကြီးထက် တည်ဆောက်ထားသော တံတားငယ်။ ရေကြည်ရေအေး တချို့ဟာ သစ်သားတံတားထက် ကျော်တက်လို့နေသည်။
ဖိနပ်ကို ချွတ်ကာ အင်္ကျီလက်ကိုပင့်တင်လို့ ကိုင်ပြီးနောက် ရေပြင်ထက် ခြေလှမ်းကိုချတော့အေးချမ်းမှုကို အတိုင်းသားခံစားရသည်။
YOU ARE READING
Benign(COMPLETED)
Romanceမြင်လွှာတည်းဟူသောတပ်မက်ဖွယ်အာရုံတို့ကိန်းအောင်းဝင်ရောက်တတ်ရာအရပ်ကင်းမဲ့သော်လည်း~~~~~~ Not translation: ) It's my very own creation.Can you take care about your reading list? XingHo fanfiction: 3