ကျနော် သူ့ကို ချစ်တယ်

6.6K 150 5
                                    

ကျနော် သူ့ကို ချစ်တယ်

===========================

ကျွန်တော် သူ့ကိုချစ်တယ်။
ချစ်တယ် ဆိုတာ အစ်ကိုတစ်ယောက် ညီတစ်ယောက် သူငယ်ချင်းတစ်ယောက် ကို ချစ်သလို ချစ်တာမဟုတ်ဘူး။
ကျွန်တော် သူ့ ကိုချစ်တယ်။
သေချာပါတယ်။ အဲဒီ အဖြေကို ကျွန်တော့်ကို ကျွန်တော် အကြိမ်ကြိမ်မေးကြည့်ပြီးမှ ပြောတာပါ။
ခင်ဗျားကို မပြောပြခင် ကျွန်တော့်ကိုယ် ကျွန်တော် အထပ်ထပ် စိတ်ထဲမှာ ပြောကြည့်ပြီးသား။
ကျွန်တော်ပြောတဲ့ အချစ်ကို ခင်ဗျား နားလည်မှာပါ။
ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ခင်ဗျားချစ်သူကို ခင်ဗျားလည်း ချစ်မှာပဲ။
ကျွန်တော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ကြတယ်။
တိရိစ္ဆာန်ငယ်လေးတွေကို ချစ်တယ်။
ပန်းပွင့်လေးတွေ....
အိုး လှပတဲ့ အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ အမှန်ပဲ မဟုတ်လား။

ခင်ဗျား အဲဒီ နှစ်သက်ခြင်းတွေ ချစ်ခြင်းတွေနဲ့ မတူတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကတော့ ခင်ဗျားချစ်သူ အပေါ်မှာပဲ ရှိတယ်လေနော်။ အတူတူပဲပေါ့ဗျာ။
ခင်ဗျား ကျွန်တော့်ကို အချစ် ဆိုတာကို ဘယ်လိုနားလည်လည်း ဆိုတဲ့ မေးခွန်းအတွက် ခင်ဗျားကို ခုကျွန်တော်ပြောခဲ့တဲ့ အတိုင်းပါပဲ။
ခင်ဗျား ယောက်ကျားတစ်ယောက်အနေနဲ့ ခင်ဗျားချစ်တဲ့ မိန်းကလေးအပေါ်မှာ
ဘယ်သူနဲ့ မှ မတူတဲ့ အချစ်မျိုး မေတ္တာတရားမျိုး..... ရှင်းရှင်းပြောရရင် သူစိမ်းနှစ်ယောက်ကြားမှာ ဖြစ်တည်ခဲ့ကြတဲ့ အကြီးမားဆုံး စွမ်းအားအရှိဆုံး ခံစားချက်တစ်ခုပေါ့ဗျာ။
ဒါကို ကျွန်တော်တို့ က အချစ်လို့ လက်ခံခဲ့ကြတာ မဟုတ်လား။
ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကလည်း အဲဒီအတိုင်းပဲ။
ကျွန်တော် သူ့ ကို အားကိုးတယ်။
ယုံကြည်တယ်။ သံယောဇဉ်ရှိတယ်။
သူ့ရဲ့ကောင်းကျိုးကိုပဲ လိုလားတယ်။
သူစိတ်ချမ်းသာဖို့ ပဲ စဉ်းစားတယ်။ သူ့အရေးကိစ္စတိုင်းက ကျွန်တော့်ရဲ့အရေးကိစ္စပဲ။
သူကလည်း ကျွန်တော့်လိုပဲ။
သူလည်း ကျွန်တော့်ကို သိပ်ချစ်တယ်ဆိုတာကို ကျွန်တော် ခင်ဗျားကို ပြောပြဦးမယ်။

ဝတ္ထုတို စုစည်းမှုWhere stories live. Discover now