1)
ခင်ဗျားကိုသဘောကျတယ်!
ဟဟား.... လန့်သွားလား စတာပါ။2)
ကျောင်းပြေးတတ်တယ် စာမကူးတတ်ဘူး
ရော့ ကျုပ်စာအုပ်ယူထား
စာအုပ်ပျောက်တယ်မှတ်ပြီး နောက်တစ်အုပ်ထပ်ရေးမိတော့ ပိုသွားတာ ။ အံ့သြမနေနဲ့ ။3)
ရော့ Coffee Plain ယူ Hot Chocolate ကျုပ်ကိုပေး
ခင်ဗျားကအီတာမကြိုက်ဘူးမလား မဟုတ်ဘူး
ကျုပ်အခါးမကြိုက်ဘူးလေ ။4)
ရန်ဖြစ်ပြန်ပြီလား
မသေသွားဘူးမလား
အရိုးတွေမှကျိုးရဲ့လား
လာ....ဒီနားတိုး ဒဏ်ရာတွေဆေးထည့်ပေးမယ်5)
အိမ်နဲ့အဆင်မပြေဘူးလား
ခင်ဗျားကိုက ဂွစာဖြစ်နေတာကိုး
အခု ခင်ဗျားအိမ်ကို မီးတက်ရှို့လိုက်ရမလား ။6)
ရည်းစားနဲ့အဆင်မပြေဘူးလား
ပေးဖုန်း...... 'တောင်းပန်ပါတယ်ကွာ' လို့ပို့ထားပြီးပြီ
ခင်ဗျားဆက်ချော့လိုက် ကျုပ်သွားပြီ ။7)
လက်ထပ်တော့မှာလား
သူကခင်ဗျား type မဟုတ်ဘူး ဟိုပိန်ပိန်သွယ်သွယ်အမျိုးသမီးကခင်ဗျားအပေါ်ကောင်းလိမ့်မယ်
ထားပါ ကျုပ်သောက်ပူမပါဘူး ။8)
သားသမီးတွေက ဒီလိုပါဘဲ မိဘနဲ့မတည့်တုန်းခဏပေါ့
အချိန်တန်ခင်ဗျားစေတနာနားလည်မှာပါ
ခင်ဗျားတုန်းကလည်း ဒီလိုဘဲလေ ။9)
ခင်ဗျားမြေးတောင် အိမ်ထောင်ကြပြီကိုး
ကျုပ်ကို FA ခေါ်ရင် ခင်ဗျားမြေးကိုခိုးပြေးမယ်
သွားတွေကျွတ်ထွက်သွားအောင်လည်း ခင်ဗျားကိုရိုက်ပစ်မယ် ။10)
လုပ်ချင်တာလုပ်ပြီး အရင်ထွက်သွားတဲ့ကောင်
ကျုပ်ရှိသမျှ ခင်ဗျားမိသားစုကိုစိတ်ချပါ
ပြီးတော့ ကျုပ်ကိုစောင့်နေ ။11)
ခင်ဗျားကို .....အင်း..........
အသက်ကြီးတော့ စကားတွေက ကပေါက်တိကပေါက်ချာဖြစ်လာပြီ ကြွက်သားတွေအားနည်းလာတယ်တူပါရဲ့ မျက်ရည်ကလွယ်လာတယ် ။
ကျွန်တော်ခင်ဗျားကို...................
ကြားချင်ရင် သေချာပေါက်စောင့်နေ
ဒီတစ်ခါအတည်ပြောမယ် ။ ။-zam-

YOU ARE READING
ဝတ္ထုတို စုစည်းမှု
Short StoryAdmin အရမ်းကြိုက်မိသော LGBT ဝတ္ထုတိုများကို တစ်စုတစ်စည်းတည်း ဖော်ပြပေးသွားမှာပါ .... ။