ဖိတ်စာလေးတစ်ခု
••••••••••••••••••••••••••••••••••••••••••••••
တဖြည်းဖြည်းနက်ရှိုင်းလာသော နွေဦးညတွင် လမင်းကြီးက သိပ်သည်းစွာ သာယာနေသည်။ ပျင်းရိလေးတွဲ့စွာ စီးဆင်းနေသော မြစ်ပြင်ကျယ်ကြီးကို ညှင်းလေနုနုက ကျီစယ်ချော့မြူပေးနေ၏။ သောင်ပြင်သဲများက လရောင် အောက်တွင် ဖွေးဖွေးလက်နေသည်။ အင်းဆက်ပိုးကောင်းများ၏ အော်သံများနှင့် မြစ်ရေစီးသံအိအိလေးက ဂန္တ၀င်တေးသွား တစ်ပုဒ်ထက်ပင် ပိုမိုငြိမ့်ငြောင်းနေသည်။ကမ်းနှင့် ခပ်ဝေးဝေး သဲသောင်ပြင်ပေါ်တွင် လူနှစ်ယောက်ငြိမ်သက်စွာ ထိုင်နေကြ၏။ နုပျိုငယ်ရွယ်သော ကောင်လေးနှစ်ယောက်၊ သူတိ့နှစ်ယောက်ကြားတွင် လှပသပ်ရပ်သော မင်္ဂလာဖိတ်စာတစ်စောင်က ငြိမ်သက်အေးဆေးစွာ လဲလျှောင်းစည်းခြားထားလေသည်။
အသေအချာနားထောင်ကြည့်လျှင် ခပ်စိပ်စိပ်ကြားရသော သက်ပြင်းချသံများနှင့်အတူ ရိုက်သံသဲ့သဲ့များကို ကြားနိုင်လိမ့် မည်။ တံတွေးမျိုချလိုက်သံတစ်ချက် ပီပီသသထွက်ပေါ်လာပြီးနောက် ပီသတိကျသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ကိုကို........... သူနဲ့လက်ထပ်လိုက်ပါ။”
@ @ @ @ @ @ @ @ @ @ @
“ဟာ ဟေး ကောင်လေး ရှက်မနေနဲ့။ ပြော ချစ်တယ်လို့ပြော။ မရဘူးကွာ”
“ကဲပါ ဟုတ်ပါပြီ။ နားထောင်….ပြောမယ်။ အရမ်းချစ်တယ်ဗျာ။”
“ဟေ ဟေးးးးးးးးးးးးး။ ပျော်တယ်ကွာ။ အရမ်းချစ်တယ် ကလေးရာ။ ကျေးဇူးလည်း တင်ပါတယ်။”
တစ်ဘ၀လုံးအတွက် ရည်ရွယ် ရည်စူးပြီး ချစ်ခဲ့ရသောချစ်သူလေးနှင့်ရိုးမြေကျ ပေါင်းသင်း နေထိုင်သွားရန် စိတ်ကူးရုံဖြင့် ကြည်နူးမှုများက ရိုးတွင်းချဉ်ဆီများထိတိုင် စိမ့်ဝင်စီးဆင်းသွားခဲ့ရသည်။
အချစ်၊ နားလည်မှု၊ သစ္စာ၊ အယုအယနှင့် မေတ္တာအပါအ၀င် ယုံကြည်မှုပေါင်းများစွာဖြင့် တည်ဆောက်ဖွဲ့စည်းထားသော သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ပြက္ခဒိန်ပေါင်းများစွာကို အနိုင်ယူသိမ်းပိုက်နိုင်ခဲ့သေးသည်။
ВЫ ЧИТАЕТЕ
ဝတ္ထုတို စုစည်းမှု
Короткий рассказAdmin အရမ်းကြိုက်မိသော LGBT ဝတ္ထုတိုများကို တစ်စုတစ်စည်းတည်း ဖော်ပြပေးသွားမှာပါ .... ။