" သူနှင့်အတူ "
✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿
ကျွန်တော် အခန်းအသစ်ပြောင်းသည်မှာ မကြာသေးပါ။
ယခင်ငှားနေသည့်အခန်းက တစ်အိမ်တည်းနေသူများနှင့် သိပ်အဆင်မပြေသဖြင့်
ကျွန်တော် ယခုတိုက်ခန်းအသစ်ကိုပြောင်းခဲ့ခြင်းဖြစ်သည်။ယခုမှပြောင်းကာစမို့ ကျွန်တော် နေသားမကျသေး။
အခန်းထဲတွင် ပစ္စည်းများပင် ကောင်းကောင်းနေရာမချရသေးပေ။အပြင်မှာ နေသာနေသည်။
အချိန်ကြည့်တော့ နေ့လည် ၁နာရီကျော်ပြီ။
ကျွန်တော် နေ့လည်စာမစားရသေးသည်ကို အမှတ်ရလိုက်သည်။
ထို့ကြောင့် ခပ်လောလော အပြင်ကိုထွက်လိုက်ပြီး
အခန်းတံခါးကိုအပြင်မှ သော့ပိတ်ချကာ
ကတိုက်ကရိုက်ထွက်လာခဲ့လိုက်သည်။အဲ့တော့မှ ဂွကျတော့သည်။
ကျွန်တော် ပိုက်ဆံအိတ်ပါမလာ။
သော့ကလည်း ခတ်ပြီးလျက်သား အထဲမှာ သော့ကျန်ခဲ့ပြီ။
ဗိုက်ကလည်း အတော်ဆာလာသည်။
ဘာမှမလုပ်တတ်။
ခြေမကိုင်မိလက်မကိုင်မိ။
တိုက်ရှေ့မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့်။ထိုနေ့က တနင်္လာနေ့ဖြစ်သဖြင့်
အလုပ်သွားသူ ကျောင်းသွားသူများဖြင့်
ကျွန်တော်တို့ တိုက်သည် တိတ်ဆိတ်လျက်ရှိပါသည်။
အတူနေအိမ်သားများပြန်လာချိန်အထိ
စောင့်ဆိုင်းရန်မှလွဲ၍ တခြားရွေးစရာလမ်းမရှိပါ။
ထိုစဉ် ဖော်ရွေဟန်ရှိပြီး
အနေခပ်အေးအေးကုပ်ကုပ်ပုံစံရှိသူ တရုတ်ကလေးတစ်ဦး
ဆန်ပြုတ်ထုပ်ကလေးဆွဲလာရင်း လျှောက်လာသည်။X x x
ကျွန်တော် ရင်ခုန်မသွားပါ။
ဆန်ပြုတ်လည်းမကြိုက်ပါ။
တရုတ်ကိုလည်း မကြိုက်ပါ။
သို့သော် သူ့အပြုံးတွင် ကျွန်တော် ပြန်နှုတ်ဆက်လိုက်ပါသည်။
သူပြုံးတာလည်း သိပ်မလှပါ။
သွားတက်တွေပါသည်။ သွားတွေကလည်း များပါ့။
အရပ်ကလည်း နဲနဲပုပြီး လူကလည်းခပ်ပိန်ပိန်ရယ်။စကားအလွန်များသော ကျွန်တော်သည်
ထိုခဏလေးအတွင်း
သူ့အကြောင်းအတော်လေးစပ်စုမိပြီးဖြစ်ကာ
ကိုယ့်အကြောင်းလည်းအတော်လေး မိတ်ဆက်ပြီးနှင့်ပါပြီ။
![](https://img.wattpad.com/cover/145410170-288-k882393.jpg)
ESTÁS LEYENDO
ဝတ္ထုတို စုစည်းမှု
Historia CortaAdmin အရမ်းကြိုက်မိသော LGBT ဝတ္ထုတိုများကို တစ်စုတစ်စည်းတည်း ဖော်ပြပေးသွားမှာပါ .... ။