" မျှော်လင့်ချက် အလွန် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေးသားသူ - Chun Chun••••••••••••••••••••••••••••••••••••••••••••••
သူ ကိုယ့်ကို ပြုံးပြလာတဲ့အခါ
ကိုယ့်မှာ သူ့လောက် ရိုးသားမှု မရှိခဲ့တော့
ကိုယ်က သူ့လို ပြန်ပြီး မပြုံးပြနိုင်ခဲ့ပါဘူး။ ကိုယ့်အပြုံးဟာ သူ့အပြုံးကို မီကို မမီတာ ဖြစ်သည်။ ပြီးတော့ ကိုယ့်အပြုံးက
လိပ်ပြာ မလုံတဲ့အပြုံး ဖြစ်လို့နေသည်။"ချိုစိမ့် ဘဲလား နေ
အ, ဆောရီး ကိုမင်းနေ"သူ့နှုတ်ဖျားက လွတ်ကနဲ့ ထွက်လာတဲ့ နေ ဆိုတဲ့ ဟိုအရင်က သူ ခေါ်ခဲ့ဘူးတဲ့ ကိုယ့်နာမည်က
အခုထိ သူ့နှုတ်ခမ်းဖျားမှာ နေရာယူထားဆဲ ဖြစ်သည်။ ဆောရီး ဆိုပြီး သူ့ပါးစပ်ကို လက်နဲ့အုပ်ကာ တောင်းပန်လိုက်တဲ့ သူ့ပုံစံက
ကိုယ်မြင်ဖူးနေကျ
ဟိုးလွန်ခဲ့တဲ့ နှစ်များဆီကအတိုင်း ဖြစ်သည်။ခပ်မွဲမွဲ ရှပ်အင်္ကျီနဲ့ အညိုရောင် ပုဆိုးတထည်ကို ခြေသလုံးပေါ်အောင် သူဝတ်ထားသည်။ ပုဆိုးစလွတ်တဲ့နေရာမှာ မြင်နေရတဲ့ သူ့ခြေသလုံးပေါ်မှာ လိမ်တွန့်နေတဲ့
အနက်ရောင် အမွေးအမျှင်တွေ။
ကိုယ် အဲ့ဒီခြေသလုံးပေါ်မှာ ခေါင်းအုံးပြီး အိပ်ခဲ့ဖူးသည်။ကိုယ် သူ့အမေးကို ခေါင်းညိတ်ပြတော့
ထုံးစံအတိုင်း (ဟိုအရင်တုန်းက အတိုင်း) ကိုယ်စားချင်တာကို စားပွဲထိုးကို အသေအချာ
သူ မှာပေးနေသည်။
ကိုယ့်အကြိုက်ကို အလိုက်သိစွာ ကိုယ့်ကို အလိုလိုက်ပြီး အနစ်နာခံကာ ချစ်ခဲ့တဲ့ သူ့အချစ်တွေကို ကိုယ် သစ္စာ မဲ့ဖူးခဲ့သည်။"ကိုမင်းနေ အမျိုးသမီးရော နေကောင်းရဲ့လား"
ကိုမင်းနေတဲ့လား။ ဟုတ်တာပေါ့။
ကိုယ်က ဘာကို အတွန့်ထပ်တက်လို့ ရမှာလဲ။
ဒါပေမဲ့ ကိုယ်လေ အရင်ကလို သူ့ဆီက " နေ" ဆိုတဲ့ အသုံးအနှုန်းကို ပြန်လိုချင်သည်။ ပြန်မျှော်လင့်နေမိသည်။"အင်း ကောင်းပါတယ် "
ကိုယ့်နှုတ်က တိုတိုတုတ်တုတ်နဲ့ စိတ်မပါဘဲ အဖြေတစ်ခု ထွက်ကျလာသည်။
တကယ်တော့ သူနဲ့ ကိုယ့်မှာ
စကား တော်တော်များများ ပြောခဲ့တာ
ကိုယ် ဖြစ်ခဲ့သည်။
သူက ကိုယ့်ထက် စကား အတော်နည်းသည်။
![](https://img.wattpad.com/cover/145410170-288-k882393.jpg)
ESTÁS LEYENDO
ဝတ္ထုတို စုစည်းမှု
Historia CortaAdmin အရမ်းကြိုက်မိသော LGBT ဝတ္ထုတိုများကို တစ်စုတစ်စည်းတည်း ဖော်ပြပေးသွားမှာပါ .... ။