Unicode
ကိုနဲ့ Ocean Center မှာ ရုပ်ရှင်ကြည့်ဖြစ်ကြတယ်။ပြီးတော့ KFC ဆိုင်မှာ အာလူးကြော် ဝင်စားသည်။ကြက်ကြော် ဆိုင်မှာ ကြက်ကြော်ထက် အာလူးချောင်းကြော်ကိုသာ ပိုစားနေတဲ့ ကလေးကို မင်းခန့်ရယ်မိသည်။
'တကယ့် အာလူးသရဲလေးပဲ...'
ပြီးတော့ အေးအေးဆေးဆေးလေး ၂ယောက်တည်း အတူ လည်ဖို့ ရှုခင်းသာ ပန်းခြံကို ဦးတည်ခဲ့ကြတယ်။
ပန်းခြံထဲက လျှောက်လမ်းလေး အတိုင်းလျှောက်လာတော့ သူက လက်ကိုတွဲလာသည်။ဝေယံလည်း ပြန်ပြီး ဆုပ်ကိုင်ထားမိတယ်။
ပန်းခြံက လူအတော်အသင့်လေးပဲရှိတော့ အဆင်ပြေသည်။
လူများလည်း မင်းခန့် ဂရုစိုက်မှာတော့ မဟုတ်။တကယ်တော့ Ocean မှာတည်းက တစ်ချိန်လုံး လက်ကိုဆွဲပေးထားခဲ့တာ။ရုပ်ရှင်ကြည့်တုန်းကရော လက်ကို ကိုင်ထားခဲ့တယ်။
လည်ပင်းက ဆွဲထားတဲ့ Camera လေးနဲ့ ဓါတ်ပုံရိုက်တိုင်း သူက ရှက်ရှက်နှင့် ရယ်ပြီးတားသည်။ဒါပေမယ့်လည်း ချစ်စရာကောင်းတဲ့ ကလေးရဲ့ ပုံရိပ်တွေ ကို အမိဖမ်းထားနိုင်ခဲ့ပါသည်။
ချစ်စရာ ဦးထုပ်လေးတွေ ခေါင်းမှာ တူတူဆောင်းပြီး Mirror မှာဓါတ်ပုံရိုက်ကြတာမျိုး...ပိုစ့်အမျိုးမျိုးလေးတွေ ပေးကြတာမျိုး။စနောက်ပေးတက်တဲ့ ကို ပါရှိနေတော့ ရယ်နေရပြီး ပျော်နေရပါသည်။လက်ကိုလည်း တွဲထားပေးပြီး အမြဲ ပြုံးနေပေးတယ်။မပျင်းရအောင် စကားလေးတွေလည်း ပြောလာပေးတယ်။
ကိုက အရမ်းကောင်းလွန်းတယ်။Date မှာ အနေမခက်ဘဲ တစ်ဖက်လူကို စိတ်သက်သာအောင် အမြဲ ကြိုးပမ်းပေးနေသည်။ဒါကြောင့် စိတ်မကျဥ်းကျပ်ဘဲ ကိုနဲ့ အဆင်ပြေပြေ လည်နိုင်နေတယ်။
သူက ဒီလောက် စဥ်းစားပေးတက်တဲ့လူပါ။
ယောကျာ်းလေးနှစ်ယောက် လက်တွဲထားတာကို လူတွေ မြင်တဲ့အခါ အာလုံးက အာရုံစိုက်ပြီး ကြည့်လာတက်ကြတယ်။အဲ့လို ဖြစ်လို့ ကျွန်တော်ကြောက်မိတိုင်း ကို့ကိုပဲ ကြည့်မိသည်။
![](https://img.wattpad.com/cover/138506212-288-k705823.jpg)