Unicode
မေမေက ဒီလို အချိန်ဆို ရက်ကွက် ဓမာရုံမှာ ရှိနေတတ်တယ်။
ကျောင်းဆင်းအမှီ ပြန်ရောက်တတ်ပေမယ့် အခု အိမ်တံခါးက သော့ခတ် ထားသည်။မိုးရွာနေလို့ ပြန်မလာသေးပုံပင်။သော့လည်း မထားခဲ့တော့ ဝေယံ ဒုက္ခရောက်နေပေပြီ။ဝေယံတောင် မိုးရေတွေ စိုရွဲနေသေးတာ ကိုကို သာဆို ဘယ်လိုနေမလဲ မသိဘူး။
သူတွေးလိုက်မိတယ်။ကြည့်လိုက်မိတော့ စိုရွဲပြီး မသိမသာလေး တုန်နေတာမို့ ကိုကို့ ကို ဝေယံ စိတ်ပူမိသွားသည်။
အိမ်ရှေ့ ဝရန်တာမှာ မိုးရေတွေက ဝင်ဝင်လာတတ်တော့ ဒီမှာ ဆက်စောင့်နေလို့ မဖြစ်တော့ပေ။ကြာရင် နှစ်ယောက်လုံး အအေးမိတော့မှာမို့...မထူးတော့ပေ။ မင်းခန့်အိမ် လိုက်သွားမှ ရတော့မှာပဲ။
ကို့ကို့အိမ်ရောက်တော့ ကိုကို့အဖေလည်း ပြန်မရောက်သေးပေ။ကိုကိုမှာက သော့ရှိတာမို့ ဖွင့်ပြီး ဝင်ခဲ့ကြတယ်။
အဝတ်မလဲခင် ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲ တူတူဝင်လာလိုက်တယ်။ဆံပင်တွေပါ ရွဲနေတာမို့ မထူးတော့ပေ။ ရေချိုးမှ ရတော့မည်။မင်းခန့်က ကလေး အအေးမိမှာကို စိုးရိမ်နေတယ်။သူ အရမ်းစိုနေပေမယ့် ကလေးကိုပဲ ဂရုစိုက်ဖို့ အတွေးရှိတာမို့...
"ကလေး အရင်ချိုးလိုက်နော်...ကို အပြင်က စောင့်နေမယ်..."
ဝေယံ အတွေးကတော့ သူ့ကိုကိုသာ...
ကိုကိုက ပိုပြီး စိုရွဲနေတာ ကိုကို အရင်ချိုးဖို့ လိုအပ်တယ်။"ကို အရင်ချိုးလိုက်ပါလား...ညီက ရတယ်...ညီ အပြင်မှာစောင့်နေမယ်..."
မင်းခန့်က ငြင်းဖို့ ပြင်တုန်း ဝေယံ အမြန်ထွက်လာလိုက်ပြီး တံခါးပိတ်ပေးလိုက်သည်။
ကိုကိုက ငြင်းရင်ငြင်း မငြင်းရင် တူတူချိုးရအောင် ဆိုတာ လာတော့မှာ...
'တူတူ ချိုးမယ်...'
ဝေယံ တွေးရင်း တံတွေးမြိုချ လိုက်မိသည်။
ပြီးမှ ကိုယ့်ပါးကို ပြန်ရိုက်ပြီး...
