Unicode
"တော်သင့်နေပြီ ထင်တယ်နော်...လာကြည့်မနေနဲ့ ကို့စာတွေ ကိုပြန်စစ်လေ.."
ဝေယံ ဆရာမ မရှိတုန်း တိုးတိုးလေး ပြောလိုက်တယ်။သူက တိတ်တိတ်လေးရယ်ပြီး တိုးတိုးလေး ပြန်ပြောသည်။
"စာတွေကို ပြန်မကြည့်ချင်ဘူး...ကလေးကိုပဲ ကြည့်ချင်တာ..."
ဆရာမ ဘေးနားက ခုံမှာ ထိုင်နားလိုက်လို့ စကားဆက်မပြောရဲ့တော့ပေ။ဒါပေမယ့် မင်းခန့် မှောက်ပြီး ဝေယံကိုကြည့်နေသေးသည်။ပြုံးစိပြုံးစိနဲ့ ကြည့်နေတာ...တော်တော်လည်း ပျော်နေပုံရတယ်။
ဖြေလာခဲ့တဲ့ ၆ရက်လုံး သူပြီးတာနဲ့ မှောက်အိပ်ပြီး ကြည့်နေခဲ့တာ။
နှစ်ဝက်စာမေးပွဲ ဆိုတော့ တစ်ကျောင်းလုံး ဖြေရတာဖြစ်ပြီး ၉ တန်းနဲ့ ၁၀တန်းတွေက ရောဖြေရတယ်။မထင်ထားခဲ့ပါဘူး။တူတူ ထိုင်ရမယ့် သူက ကိုမင်းခန့်ဖြစ်မယ်လို့...။ကျွန်တော့်တို့ ကံက ထူးခြားလွန်းပါသည်။
သူက စာတွေ ပြီးသွားပြီ ထင်သည်။ကိုက စာတော်တော့ အချိန်မလောက်တာထက် ပိုတောင်ပိုနေသေးသည်။ဝေယံ့မှာတော့ စာမရတာလည်း မဟုတ်။စာရတာလည်း မဟုတ်။ သူ သိသမျှ လေးတွေဖြေရင်း အချိန်ကြာနေတော့ အခုထိ မပြီးနိုင်သေးပေ။ကို့ကို စိတ်ထဲမထားဘဲ စာကိုအာရုံစိုက်လိုက်တယ်။
"ကဲ...အားလုံး သိမ်းမယ်..."
ဆရာမ အော်သံအကြားမှာ အပြီးသတ်လိုက်ပြီး နာမည်တွေ ခုံနံပါတ်တွေ စစ်လိုက်တယ်။ဆရာမ ဆီ ပေးပြီးတော့ ဘေးနားက ကို့ကိုကြည့်မိသည်။
စာဘယ်လောက်လုပ်လဲဆိုတော့ မျက်ကွင်းတွေတောင် နည်းနည်း ညိုနေပြီ။အသက် ဖြေးဖြေးလေးရှူရင်း အိပ်တောင် ပျော်နေပေပြီ။
အိပ်ပျော်နေတဲ့ ကို့ကို ကြည့်နေမိတယ်။သူ့ နှုတ်ခမ်းတွေ...သူ ကျွန်တော့်အား နမ်းသွားသည့် ကိစ္စအား စတာလို့ မပြောသလို ဖြေရှင်းချက်လည်း ခုထိမပေးသေးပါ။တွေးရတိုင်းလည်း ရင်ခုန်ရဆဲပဲ...
STAI LEGGENDO
So Sweet Love(Unicode&Zawgyi)Completed
Storie d'amoreA love story between two young boys...❣ Characters: Wai Yan,Min Khant