Unicode
"အ...အကိုက...."
မမှားပါဘူး...
ထင်ရှားတဲ့ V shape မေ့ရိုးနဲ့ နီရဲရဲ နှုတ်ခမ်းတွေ။ပြုံးလိုက်ရင် ပေါ်လာတက်တဲ့ အဖြူရောင် သွားလေးတွေရော...။
သူက အိပ်မက်ထဲကလူသေချာပေါက်ပါပဲ။အချိန်တွေ ဘယ်လောက်ကုန်သွားမှန် မသိပါ။သူရောဝေယံရော အချင်းချင်းကြည့်နေမိတာ။သူက ရူးသွားလောက်အောင် ပြုံးရယ်ပြနေပြီး ကြောင်တောင်တောင်နဲ့ သူအပြုံးတွေကနေ ရုန်းမထွက်နိုင်သူမှာ ဝေယံဖြစ်လေသည်။
ဒါက တိုက်ဆိုင်တာလား ကံကြမ္မာလား...
ဝေယံလည်း သေချာမခွဲခြားတက်တော့ပါ။မမြင်ဖူးသည့်လူက အိပ်မက်ထဲထိ ရောက်လာပြီး အပြင်မှာ တကယ်ပြန်တွေ့ရတာမျိုး။သူက အပြုံးကို ပို ပြီပြင်လိုက်ပြီး စကားစပြောလိုက်တယ်။
"ထပ်တွေ့ ပြန်ပြီနော်...တွေ့ရတာဝမ်းသာပါတယ် အကိုကမင်းခန့်ပါ....အကိုကအခုမှကျောင်းရောက်တာမို့လို့ အကို့ကိုကူညီပေးအုံးနော်"
ခပ်သြသြနဲ့ သူ့အသံ...ဖော်ရွေဟန် အပြုံးတွေနဲ့...
ကြောင်နေမိတာ ဘယ်လောက်တောင်လဲဆို 'ထပ်တွေ့ပြန်ပြီနော်' လို့ပြောတာကို ကြားလည်း မကြားမိသလို တွေးလည်းမတွေးအားမိလိုက်တဲ့ အထိပင်။"ဟုတ်..ဟုတ်..ရ.ရပါတယ်ဗျ...
အကူအညီရှိရင်တောင်းပါ...မသိတာရှိရင်လည်း မေးလို့ရပါတယ်။"သူရယ်လိုက်ပြန်သည်။
'Damn...!
ဘာလို့ရယ်တာလဲ...ဘာလို့ အဲ့လောက်တောင် ဆွဲဆောင်မှုရှိနေရတာလဲ...!ယောကျာ်းလေးတစ်ယောက်ကို အဲ့လောက်တောင် Perfect ဖြစ်ခွင့်ပေးထားတယ်တဲ့လား
မတရား လိုက်တာဗျာ...!'ရုတ်တရက် သူနှုတ်ခမ်း ဆူလိုက်မိတယ်။
သူ့အား အပြုံးမတည်နိုင်အောင်ကြည့်နေသူမှာ မင်းခန့်ဖြစ်ပေသည်။'အူကြောင်ကြောင်လေးနဲ့...
ငါ့ကို ဘယ်လိုသိတာလဲလို့တောင်မမေးပုံရတော့ မှတ်မိပုံပဲ...
ရှောင်ပြေးချင်တယ်ပေါ့ ကောင်လေး...'
