Part-3(Unicode&Zawgyi)

8.7K 500 13
                                    

Unicode

"ကိုယ့်ကို ဘယ်အချိန်ထိကြည့်နေမှာလဲ ညီ...မဆင်းတော့ဘူးလား..."

ဝေယံ သတိလွတ်ပြီး မင်းခန့်ကိုကြည့်တာ အချိန်တစ်ခုထိ ရှိနေတာတောင်သတိမထားတဲ့အထိ။ပြီးမှ ရှက်ရမ်းရမ်းပြီး...

"sor...sorry...
ပြီးတော့ ကျေးဇူးပဲနော်...ကျွန်တော် သေတော့မလို့..."

သူပြုံးပြသည်။

"ရပါတယ်..."

ပြီးမှ​ဝေယံလည်း သတိထားလိုက်မိတယ်။သူဘာ​ကြောင့် ရှိ​နေ​သေးတာလဲ ဆိုတာကို​ပေါ့...

"3:50တောင်ရှိနေပြီပဲ...အကိုက ဘာ​လို့​ကျောင်းမှာရှိ​နေ​သေးတာလဲ မပြန်သေးဘူးလား..."

"အင်း...ညီ့ကိုစောင့်နေတာလေ..."

​ဝေယံ​ကြောင်သွားမိတယ်။ သူနဲ့က သိပ်သိတာလဲမဟုတ်ဘူး။ မြင်ဖူးရုံပဲ​လေ...​​ဘာလို့​စောင့်​နေတာလဲ...

"ဗျာ...ဘာလို့လဲဗျ..."

"ညီနဲ့ ကိုယ့်မှာ ရှင်းစရာ ကိစ္စလေးတွေ ရှိသေးတယ်လေ..."

သူ ပြုံးလိုက်ပြန်ပါသည်။

သူ​​ခေါ်လာတာက ​ဝေယံတို့ ရက်ကွက် အပြင်နားက ၂၄ Hours ဆိုင်ဖြစ်သည်။

"Coco...?"

Coco ဆိုတာ Korea ကား​တွေထဲက ​ခေါက်ဆွဲပြုတ်​တွေ အစားအ​သောက်​တွေလဲရတဲ့ ကုန်စုံဆိုင်လို့​ပေါ့်။ ​အများအားဖြင့် ​ဝေယံ တစ်ချိန်လုံး ရှိ​နေတက်တဲ့​နေရာဆိုလဲ မမှားဘူး။

"ဒီကိုဘာလို့လဲ..."

"မမှတ်မိဘူးလား..."

ခုမှ သ​ဘော​ပေါက်ပါ​တော့သည်။​ဝေယံ ​နဖူးကိုသာ ရိုက်လိုက်ပါ​တော့သည်။ ပြီး​တော့ မဝံ့မရဲ့ သူ့ကိုကြည့်လိုက်သည်။

သူက ​တော့ ပြုံးပြီး ' မှတ်မိပြီလား ' ဆို​​သော သ​ဘောနှင့်ကြည့်​နေပါ​တော့သည်။

'WTF!!!...​​သေသာ​သေလိုက်ပါ​တော့ကွာ...!'

*******************************************

-​ကျောင်းမတက်ခင် ညတစ်ည...

-At 8:00pm...

"ဟူး...ပျင်းလိုက်တာ...​
လွတ်လပ်တဲ့ သာမာန်​ကောင်​လေးရဲ့ ဘဝက ဒီ​​နေ့​နောက်ဆုံးတဲ့လား...မနက်ဖြန်ဆို ​ကျောင်း​တောင်သွားရ​တော့မှာကို ​နောက်ဆုံး​နေ့က ဒီလို မျိုး မီးပျက်​နေတာတဲ့လား...မတရားလိုက်တာဗျာ..."

So Sweet Love(Unicode&Zawgyi)CompletedDonde viven las historias. Descúbrelo ahora