Part-10(Unicode&Zawgyi)

6.8K 329 9
                                    

Unicode

ကိုကိုဟာ ကျွန်​တော်ကလွဲရင် တစ်ခြားလူ​တွေ​ အ​ပေါ်မှာ အရမ်း​အေးစက်သလိုပဲ။

​ဝေယံ သူ့သူငယ်ချင်း​တွေ အ​ကြောင်း ​ပြောပြ​လေ့ရှိ​ပေမယ့် မင်းခန့် သူငယ်ချင်းအ​ကြောင်း ​ပြောတာ မကြားဖူးပါ။​ကျောင်းမှာဆိုလည်း ​ဝေယံ့ အနားပဲ အမြဲ ကပ်​နေ​လေ့ရှိပြီး တခြားလူ​တွေနဲ့ ရှိ​နေတာ မမြင်ဖူး​ပေ။

"မင်းခန့်..."

​ဝေယံ​ရော မင်းခန့်​ရော စာစီစာကုံး ပြိုင်ပွဲ ဝင်ပြိုင်ထားတာမို့ ဒီ​နေ့ တခြား ​ကျောင်းတစ်​ကျောင်းကို ​ရောက်​နေတယ်။​ဝေယံ အားလုံး ​ရေးပြီးသွားတာမို့ ထွက်လာပြီး ထိုင်ခုံတစ်ခု​ပေါ်မှာ ထိုင်ကာ ကို့ကို ​စောင့်​နေလိုက်သည်။

အဲ့အချိန်မှာ အစ်မကြီး တစ်​ယောက်က ကို့ကို ​ခေါ်လိုက်တယ်။
သူတို့က ခပ်လှမ်းလှမ်း မှာ ရှိ​နေ​​သေးသည်။ဒါ​ကြောင့် ဘာ​တွေ​ပြော​နေလဲ ဆိုတာ​တော့ မကြားရပါ။

မင်းခန့် ​ခေါ်လိုက်သံ​ကြောင့် ဘယ်သူလဲဆိုတာ ကြည့်လိုက်မိတယ်။
သူမက မျက်မှန် ထူထူ...အသားဖြူဖြူနဲ့ ချစ်ဖို့​ကောင်းတဲ့ပုံပဲ။
အခန်းထဲမှာ အမြဲ အဆင့် ၂ ရတဲ့သူ...​ပြောရရင် အမြဲ မင်းခန့်​နောက်က လူ​ပေါ့...

"အင်း...မြတ်နိုးဖြူ...ဘာလို့လဲ..."

မင်းခန့်က တည်တည်ပဲ ​ပြောလိုက်သည်။

"ငါ့ကို သိတယ်မလား...ဦးလွင်​အောင်ရဲ့သမီး​လေ..."

ဦးလွင်​အောင်ဆိုတာ မင်းခန့်အ​ဖေရဲ့ မိတ်​ဆွေဖြစ်တယ်။
​ဖေ​​ဖေ အိမ်ကို ခနခန​ခေါ်လာတာ ​​တွေ့ဖူးသည်။မင်းခန့် နဲ့​တော့ မရင်းနှီးပါ။ လာတိုင်း အမြဲ ကြွားဝါပြီး သူ့သမီးစာဘယ်​လောက်​တော်ကြောင်း​​တွေပဲ ​ပြော​​လေ့ရှိတာ...
မြတ်နိုးဖြူက အဲ့ဦး​လေးရဲ့ သမီးတဲ့လား....

"​သြော်...ငါ အခုမှ သိတာ..."

မင်းခန့် မအံ့သြသလိုပဲ ​ပြောလိုက်သည်။
သူမက အံ့သြသလို စိတ်ပျက် သလိုဖြစ်သွားတယ်။ဒါ​ပေမယ့်လည်း တန်း အမူအယာကို ထိန်းပြီး​ပြောတယ်။

"အင်းပါ...ဒါဆို ငါတို့ အခုက စပြီး အချင်းချင်း သိသွားကြပြီမလား... သူငယ်ချင်း လုပ်ရ​အောင်​လေ..ငါနင်နဲ့ ခင်ချင်တယ်..."

So Sweet Love(Unicode&Zawgyi)CompletedDonde viven las historias. Descúbrelo ahora