Unicode
မင်းခန့်က ဝေယံ့လက်ကို ညင်သာစွာ ဆွဲထားပြီး ပန်းခင်ကြီးကြားက လမ်းကို နှစ်ယောက်အတူ လျှောက်နေကြသည်။
အဖြူရောင် Suit တွေ...လက်က ငွေလက်စွပ်လေးတွေက ဆင်တူတွေချည်းပဲ...ရှေ့ကိုကြည့်ပြီး လျှောက်နေတဲ့ သူ့ရဲ့ မျက်နှာကို ဘေးကနေပဲ တဇောင်းမြင်နေရတယ်။မျက်နှာက တည်နေပေမယ့် ပျော်နေသလိုမျိုးပဲ...
တစ်ချက်တစ်ချက် ပြုံးသွားတာလေးတွေ...
လမ်းလေးလဲဆုံးပြီ။
ရှေ့မှာရှိတာက ပင်လယ်ကြီး...အပြာရောင် ပင်လယ်ကြီး ဖြစ်သည်။အပြာရောင်ကောင်းကင်ကြီးနဲ့ တိမ်ဆိုင်တွေ...။သူနဲ့ကျွန်တော် သဲသောင်ပြင် ကမ်းခြေပေါ် လျှောက်လာလိုက်သည်။
နူးညံ့လွန်းတဲ့ သဲကို ခြေဖဝါးက ခံစားလိုက်မိတော့ ခြေထောက်မှာ ဝတ်ထားတဲ့ ဖိနပ်မရှိတော့မှန်း သတိထားမိလိုက်တယ်။
တစ်ချိန်ထဲမှာပဲ သူနဲ့ကျွန်တော်ဝတ်ထားတဲ့ အဖြူရောင် Suit တွေလည်း ပြောင်းလဲသွားသည်။အဖြူရောင် ရှပ်အင်္ကျီအပွကြီးနဲ့ ဒူးအထက်ရောက်တဲ့ မိုးပြာရောင် ဂျင်းဘောင်ဘီပွပွကို ဝေယံ ဝတ်ဆင်ထားသည်။
အကိုကတော့ အားကိုချင်စရာ Body Structure နဲ့ အပေါ်ပိုင်း ဗလာကျင်းထားပြီး အောက်မှာကတော့ ဝေယံ့နဲ့ဆင်တူဝတ်ထားသည်။
နေရောင်က သူရဲ့ စွဲမက်စရာ ကောင်းတဲ့ ဟန်ကို ရှင်းလင်းစွာ ပြသပေးနေသည်။ဖြူဖွေးနေတဲ့ အသားအရေ...ပြီးတော့ ကျွန်တော့်ကို အကြိမ်ကြိမ် ရူးသွပ်စေတဲ့ အပြုံးတွေနဲ့...
ကမ်းခြေပေါ်တက်လာတဲ့ ရေတွေကြားမှာ သူနဲ့အတူ ပြေးပြီးဆော့နေမိတယ်။ကမ်းခြေပေါ်ထိုင်ချလိုက်ပြီး သူနဲ့အတူ ပင်လယ်ကြီးကို ကြည့်နေလိုက်သည်။
ကမ်းခြေပေါ်က ခရုခွံလေးတွေ...
တိတ်ဆိတ်နေတာမို့ ကမ်းခြေပေါ်တက်လာတဲ့ ရေသံလေးတွေနဲ့ လှိုင်းသံတွေကလွဲပြီး ဘာမှမကြားမိပေ။ကျွန်တော်ကြည့်နေမိတာ အပြာရောင်ပင်လယ်ကြီးထဲ ဝင်သွားတဲ့ နေမင်းကြီးဖြစ်ပြီး...ကိုမင်းခန့် ကြည့်နေတာက ကျွန်တော့်နှုတ်ခမ်းတွေဖြစ်မယ်။မျက်စိစွန်းက မြင်နေရပေမယ့် လှည့်မကြည့်ရဲပါ။
![](https://img.wattpad.com/cover/138506212-288-k705823.jpg)