"အမုန်းခံသက်သက်"
<<part-8>>
တိတ်ဆိတ်မှုတို့ တန်ဆာဆင်ဆင်ထားသော ညခင်းတွင် baekရဲ့ အသက်ရှုသံတို့သည်သာ ကားလေးထဲ ကြီးစိုးနေခဲ့သည်
အချစ်မပါ အမုန်းတို့ဖြင့်ပုံဖော်ခဲ့သော အနမ်းများဖြစ်ပါလျက် သူမနှုတ်ခမ်းများနှင့်ထပ်တူကျသွားသည့်သကာလ ......
အမုန်းတို့သည် တပ်မက်ခြင်းအဖြစ်သို့ ......
တကယ်ကို သူမနှုတ်ခမ်းလေးက စွဲမက်ရင်ခုန်ဖွယ်ကောင်းနေသောအခါ.........အချိန်သည် မည်မျှလည်ပတ်သွားသည်မသိ
ခပ်ပြင်းပြင်း အသက်ရှုသံကိုကြားမှ baekကို သူလွှတ်ပေးမိသည် ........."ပင်ပန်းသွားလား .........နောက်ကို င့ကိုမလွန်ဆန်နဲ့ ......မင်းခေါင်းထဲမှတ်ထားဖို့က မင်းဆိုတဲ့...baekhyunက င့ရဲ့မူပိုင်ကကြိုးရုပ် ဖြစ်နေရမယ် ......"
"ခင်ဗျား ............တကယ်အတ္တကြီးတဲ့သူ ...
ကျနော်က လူဗျ ကကြိုးရုပ်မဟုတ်ဘူး ......""ခံမပြောနဲ့ မင်းအခု ဝတ်စုံကြည့်ဖို့သွားမှာလား မသွားဘူးလား........."
"ငြင်းလို့လည်းအရာထင်မှာမှမဟုတ်တာ ......"
အောင်နိုင်သူလို့ အလှဆုံးအပြုံးတခုကို Yeolပြုံးလိုက်သည်
ကားလေးကတော့ First Snow Showroomဆီသို့ ဦးတည်လျှက်.........
သတို့သမီးဝတ်စုံကြည့်ဖို့လာတယ်သာဆိုတာ
လာကြည့်သူ၂ယောက်က ယောက်ျားလေးနှစ်ယောက်ဖြစ်သောအခါ ဝန်ထမ်းမိန်းကလေး ကြောင်တောင်တောင်ဖြစ်နေမိသည်"ဟို ...ဟိုလေ ဘယ်သူဝတ်မှာလဲဟင် ..."
baekကိုboyလို့ထင်နေသော ဝန်ထမ်းမလေး အတွေးကို yeolရိပ်မိpသား
"သူဝတ်မှာ ......မင်း ကူဝတ်ပေးဖို့အဆင်ပြေပါ့မလား မိန်းကလေး ......"
"ဟိုလေ ......အကိုတို့က အချင်းချင်းဆိုတော့ အကိုပဲကူဝတ်ပေးလိုက်ပါ လား ""
ဝန်ထမ်းမလေး စကားကြောင့်
နဂိုကမှမပွင့်သော baek မျက်လုံးတို့သည် ပြူးကျယ်ဝိုင်းစက်ခြင်း အဖြစ်သို့......"undwe ...မင်းက ဒီကဝန်ထမ်းမှတ်လား ......င့ကို မင်းပဲ ကူဝတ်ပေး ......"

YOU ARE READING
အမုန်းခံသက်သက်
Fanfiction"အမုန်းခံသက်သက်..." ကံကြမ္မာရဲ့လှည့်စားမှုတွေအောက်မှာ...ကျနော်ဆိုတဲ့baekhyunက အမည်ခံသက်သက်အမုန်းခံခဲ့ရတာ... Tomboyဘဝမှာမိန်းကလေးများစွာနဲ့တွဲခုတ်ခဲ့ပေမဲ့...ကျနော်ရင်ခုန်ခဲ့မိတာက...ယောက်ျားလေးတယောက်.သူက ကျနော့်ကိုအရမ်းမုန်းတဲ့ ကျနော့်သူငယ်ချင်းရဲ့အကို...