1K 87 10
                                    

မနက်စောစောစီးစီး Cai Xukun တစ်ယောက်လက်ထဲတွင်ထမင်းချိုင့်လေးနဲ့ကျောင်းရှေ့ရောက်လာတာပေါ့... မနက်ကစောစောထွက်လာတော့ ကားလည်းမပိတ်ဘူး..

ငါလည်းမနေ့ညက မပြီးသေးတဲ့ အိမ်စာတွေ ထိုင်လုပ်မှ... အတန်းခေါင်းဆောင်ဆိုတော့ရုပ်ပျက်လို့မရလူးလေ...

အခန်းထဲရောက်ရောက်ချင်း အိတ်ထဲက စာအုပ်ဖွင့်ပြီး စာမြန်မြန်လုပ်တော့တာပဲ...

ပြီးခါနီးကျတော့မှ ပြတင်းပေါက်ကနေ ကျောင်းအရှေ့တွင် Mercedes အမည်းရပ်သည်ကိုလှန်းတွေ့လိုက်သည်..

သူလေးရောက်ပြီ...

ရိုးရာမပျက် ကားပေါ် ဆင်းလာတဲ့ Wang Ziyi တို့ သူဌေးသားပီပီ စတိုင်နဲ့ဆင်းလာတယ်.. ကားပေါ်က ဆင်းလာတာတောင်ရုပ်ရှင်ထဲကအတိုင်းပဲ..

~Almost paradise...ကိုရီးယားလိုဘာညာကွိကွ~
(F4 ထဲက theme song လေးပါ)

လက်ထဲမှာလည်း IphoneX နဲ့သီချင်းနားထောင်နေပြီး ဘေးကတော့သူ့ ဝမ်းကွဲညီ Xiao Gui နဲ့ပေါ့..

သူတို့က ဒီနှစ်မှပြောင်းလာတော့ သူတို့အကြောင်းသိပ် မသိပေမဲ့ ပတ်ပတ်စက်စက် ချမ်းသာတာတော့ အမှန်ပဲ..

ဒါပေမဲ့ Xukun လေးကြိုက်တာ အဲ့လို ပကာသန ကြောင့် မဟုတ်ပဲ ဒီအတိုင်း Ziyi ကိုချစ်မိနေရုံသက်သက်ပါ..

စာကျက်နေသလိုဟန်ဆောင်ပြီးအိမ်စာပြီးအောင်မြန်မြန်လုပ်တော့တာပေါ့.. ပြီးရင်ကျေးဇူးရှင်တစ်ယောက်လာကူးတော့မှာဆိုတော့..

"အတန်းခေါင်းဆောင်တို့ကတော့ အမြဲစောတယ်နော်"

Xiao Gui တစ်ယောက်အခန်းထဲ ရောက်ရောက်ချင်း စကားကစပြောပြီ..

"အေး.. စာကျက်စရာရှိလို့.."

"Ziyi .. ဒီနေ့ကျောင်းပြီးရင်ဂိမ်းဆိုင်ဒိုးမယ် ok လား"

Xiao Gui အနောက်က အခန်းထဲဝင်လာတဲ့ Ziyi ကိုမေးလိုက်တယ်..

"မရဘူး.. ဒီနေ့မနက်ပဲ အန်တီငါ့ကတ်ကို ပိတ်လိုက်ပြီ"

𝙈𝙚𝙖𝙣𝙩 𝙩𝙤 𝙗𝙚 || 𝘠𝘪𝘬𝘶𝘯/𝘡𝘪𝘬𝘶𝘯 [𝘏𝘪𝘢𝘵𝘶𝘴]Where stories live. Discover now