447 63 20
                                    

"ဟိတ်ကောင် လာမယ်ဆိုလည်း Monday, Wednesday, Friday လာခဲ့... တစ်ခြားရက် ငါဂိမ်းဆိုင်သွားရမှာ"

Xiao Gui တစ်ခါတည်းပြောလိုက်တယ်.. သူ့မှာလည်း တစ်ရက်တစ်ရက် ဂိမ်းဆိုင်မှာ ကုန်ခဲ့တဲ့ ပိုက်ဆံတွေ ပေါင်းလိုက်ရင် အိမ်တစ်လုံးဝယ်လို့ရတယ်..

"လာချင်တဲ့အချိန်လာ... ငါစာမလုပ်မှာက ဒီအတိုင်းက ဒီအတိုင်းပဲ"

Ziyi ပြောပြီးတော့ ချက်ချင်းအပေါ်တက်သွားပါလေရော..ရိုင်းတယ် bro..

"ထားလိုက်ပါ.. သူကအဲ့လိုပဲ.. လာလာ ငါအခုပဲဂိမ်းဆိုင်သွားမလို့"

"မလိုက်တော့ဘူး... ငါ့မားနဲ့သွားစရာရှိတယ်"

"မင်းကလည်းကွာ... ငါအဖော်မရှိလို့ပါ"

"ငါလည်းမရလို့ပါ"

"မရဘူး... လိုက်ခဲ့"

ထိုအချိန်မှာပဲ Ziyi လှေကားပေါ်မှ ပြန်ဆင်းလာတယ်.. သူကမှ တကယ့် ဂေါက်သီး.. တက်လိုက် ဆင်းလိုက်နဲ့...

"Xiao Gui ဂိမ်းဆိုင်ဒီနေ့ပိတ်တယ်လေ"

"တကယ်ကြီးလား ချီးပဲ"

Xiao Gui တောက်ခေါ်က်လိုက်တယ်..

ဒါပေမဲ့ Xukun တစ်ယောက် ကြောင်တောင်ကြောင်သွားတယ်.. သူခုနလေးတင် ဖြတ်လာတာ ဖွင့်ပါတယ်.. Ziyi တစ်မြင်သက်သက် ပြောတာဖြစ်မယ်.. ရင်တောင်ခုန်သွားတယ်..

"ငါလည်းပြန်တော့မယ်နော် မနက်ဖြန် စာစသင်မယ်မလား"

"အေးအေး... ကျောင်းပြီးရင် အတူတူပြန်တာပေါ့"

Xiao Gui ခေါင်းညိတ်ပြီး high five ရိုက်လိုက်တယ်.. စိတ်ထဲမှာတော့ တစ်ခုခုဖြစ်တော့မှာ ကြိုမြင်နေမိတယ်..

*****

နောက်နေ့...

"မင်းတို့နောက်နှစ်ပါတ်နေ စာမေးပွဲရှိတာ သိကြတယ်ဟုတ်"

ဆရာ Li Rong Hao မေးလိုက်တယ်.. Whiteboard ပေါ်မှာလည်း နေ့ဆွဲတွေရေးရင်နဲ့...

"ဟုတ်"

တစ်ခန်းလုံး တစ်ပြိုင်နက်တည်း ဖြေလိုက်တယ်.. Ziyi, Cheng Cheng, Justin ကလွဲလို့ပေါ့.. ဒီသုံးယောက်ကတော့ ရိုးရာမပျက်ပဲ..

𝙈𝙚𝙖𝙣𝙩 𝙩𝙤 𝙗𝙚 || 𝘠𝘪𝘬𝘶𝘯/𝘡𝘪𝘬𝘶𝘯 [𝘏𝘪𝘢𝘵𝘶𝘴]حيث تعيش القصص. اكتشف الآن