Ziyi ကသူ့ကိုအဲ့လိုပြောတော့ Xukun အိမ်ပြန်တစ်လမ်းလုံး စိတ်ဖြောင့်ဖြောင့်မပြန်နိုင်.. မှတ်တိုင်တော်မှားဆင်းလာလို့ အခုတစ်ခြားကလမ်းကနေ ပြန်လာရတာ..
ငါကိုတော်တော်ကြည့်မရဝူးထင်တယ်.. ငါရေဘူးသွားမပေးလိုက်တာ မှန်သွားပြီ..
ဒီလိုနဲ့ရေခဲမုန့်သည်တွေ့တော့ Xukun စားဖို့ဆုံးဖြတ်လိုက်တယ်... စိတ်ညစ်စရာတွေ မစဉ်းစားတော့ဘူး... ချိတ်ညစ်တယ်.. ဟွန့်..
"ဦလေးကြီး strawberry နဲ့တစ်ခွက်လောက်"
ထိုအချိန်မှာပဲရပ်ကွက်ထဲက ကလေးအုပ်စုတစ်စု သူ့ကိုလှမ်းကြည့်နေတာ သူသတိထားမိတယ်.. ဒါပေမဲ့လည်းကလေးတွေပဲလေ...
"ရော့ ¥3 ကျတယ်"
Xukun အိတ်ကပ်ထဲက အကြွေထုပ်ပေးလိုက်တယ်... ရေခဲမုန့်လှည်းလည်း ထွက်သွားတာပေါ့..
သွားဖို့လုပ်တုန်းရှိသေး ကလေးတစ်ယောက်သူ့ရှေ့လာရပ်ပါလေရော..
"အစ်ကိုကြီး... သားကိုအဲ့ရေခဲမုန့်လေးပေးခဲ့ပါလား"
ငင့်.. ဘာ.. ဘာလို..
"မနောက်နဲ့လေ... ဒါငါဝယ်ထားတာ"
"တွေ့သားပဲ"
ထိုအချိန်မှာပဲ နောက်တစ်ယောက်ထက်ယောက်လာတယ်..
"ရေခဲမုန့်ပေးမှာလားမပေးဝူးလား"
ရိုင်းရိုင်းစိုင်းစိုင်းမေးတော့ Xukun ရိုက်ချင်လာသော်လည်း ကလေးတွေဖြစ်နေတော့တမှောက်..
"နေ့ခင်းကြောင်တောင် ဓားပြတိုက်တာကလည်း ပိုက်ဆံမဟုတ်ပဲနဲ့ ငါ့ရေခဲမုန့်ကိုလာတိုက်တယ်"
ဒီနေ့ ကျောင်းမှာလည်း အဆင်မပြေပါဘူးဆိုမှ.. တော်တော် သောက်ကျိုးနည်းတဲ့ နေ့ပဲ..
"အေး.. ဟုတ်သား.. တုံးလိုက်တာ.."
နောက်မှလာသောကောင်လေးသည် ပထမတစ်ယောက်ခေါင်းခေါ်က်လိုက်တယ်..
"ပေးပေး.. ပိုက်ဆံအိတ်ကော ရေခဲမုန့်ပါပေးခဲ့"
Xukun သွားဖို့ပြင်တော့ ကလေးတစ်ယောက်ကခြေထောက် ထိုးလိုက်တော့ Xukun မှောက်လျက်လဲကျသွားပါလေရော.. ကလေးတွေတစ်သိုက်လုံး ထရယ်ကျတဲ့ အပြင်ရခဲမုန့်လဲမှောက်..
![](https://img.wattpad.com/cover/146308222-288-k260042.jpg)
YOU ARE READING
𝙈𝙚𝙖𝙣𝙩 𝙩𝙤 𝙗𝙚 || 𝘠𝘪𝘬𝘶𝘯/𝘡𝘪𝘬𝘶𝘯 [𝘏𝘪𝘢𝘵𝘶𝘴]
Fanfictionပေါကြောင်ကြောင်ကောင်လေးနဲ့ သူအရူးမူးလိုက်ကြိုက် နေသော ခပ်ချေချေကောင်လေးတို့ရဲ့ ဇာတ်လမ်း..