403 44 6
                                    

သူတို့ သုံးယောက် Ziyi အခန်းထဲ ဝင်မလို့ လုပ်တုန်း Ziyi ကပိတ်ရပ်လိုက်တယ်..

"ကြိုမှာထားမယ်.. ငါ့အခန်းထဲမှာ ဘာအစားစာမှသယ်မလာနဲ့.. မင်းခေါက်ဆွဲပြုတ်အပါဝင်.."

Xiao Gui ကိုတစ်ချက်ကြည့်လိုက်တယ်.. ဟိုက ခေါင်းပြန် ညိတ်မှ ဆက်ပြောတယ်..

"ပြီးရင် ပစ္စည်းတွေလည်းမထိနဲ့.. ရှင်းလား"

"အေးပါ.. မင်းအခန်းငါမရောက်ဖူး တာကျလို့"

Xiao Gui ဝင်ဖို့လုပ်တော့ Ziyi ကထက်ပိတ်ရပ်တုန်းပဲ..

"ဟို ပေါကြောင်ကြောင်.. ကြားလိုက်လား"

ငါ့ကို ပေါကြောင်ကြောင်ခေါ်တာ ဘယ်နှစ်ခေါက် ရှိပြီလဲ.. ချစ်လို့သည်းခံနေတာ..

"ကြားသားပဲ"

သူ့ကို ဘယ်နားကြည့် ကြိုက်တာလဲမသိ.. ငါလည်းတော်တော် ရူးနေတာကို..

*****

စာသင်ချိန်.. 

"Ethanioc acid က Carboxylic acid ပဲ.."

Xukun ရှင်းပြနေတာကို Xiao Gui ဖြတ်ပြောလိုက်တယ်..

"နာမည်မတူဘဲ ပစ္စည်းတူတာလား"

Xukun ဖြေမလို့လုပ်တုန်းရှိသေး Ziyi ကလက်ဦးသွားတယ်.. ထူးထူးဆန်းဆန်း..

"ငတုံး အောက်လည်းကြည့်အုန်း.. Carboxylic acid ခေါင်းစဉ်အောက်မှာ Ethanoic acid တို့ဘာတို့ရှိတာ.."

"အဲ့တော့ အတူတူပဲလားလို့"

Xukun လည်းမနေနိုင်ဘဲ ပြုံးပြုံးမိတယ်.. Ziyi လေးအဲ့လို ပြောရင် သိပ်ချစ်ဖို့ကောင်းတာပဲ.. Ziyi ကစာတော်ရဲ့သားနဲ့ဂျစ်ကန်ကန် လုပ်နေတာ.. ကလေးဆိုးကြီး..

"Xiao Gui ဒီကိုကြည့်..."

Xukun နောက်ဆုံးတော့လည်း အစအဆုံး နောက်တစ်ခေါက်ထပ်ရှင်းပြလိုက်ရတယ်...

"ဟာ.. တော်ပြီကွာ.. ငါ toilet သွားလိုက်အုန်းမယ်.."

Xiao Gui စိတ်ဓာတ်ကျပြီးထွက်သွားပါလေရော.. နောက်ဘဝကျရင် ဆင်းရဲမွဲတေနေပါစေ.. စာတော့မကျက်ရပါစေနဲ့...

"Ziyi မင်းကစာရသားပဲ"

Xiao Gui ထွက်သွားတော့ Xukun ကစကား စသလိုလိုနဲ့ ပြောလိုက်တယ်..

𝙈𝙚𝙖𝙣𝙩 𝙩𝙤 𝙗𝙚 || 𝘠𝘪𝘬𝘶𝘯/𝘡𝘪𝘬𝘶𝘯 [𝘏𝘪𝘢𝘵𝘶𝘴]Where stories live. Discover now