587 66 7
                                    

"ငါတို့ကူးရင်တောင် အချိန်မှီသေးတယ်"Cheng Cheng အပြစ်ပေးခံရတာကို မကျေနပ်ဖြစ်ပြီး ဘေးက Justin လေးကိုပွားတော့တာပဲ..

"ကူးချင်ကူးပါလား ငါနဲ့ဘာဆိုင်လဲ"

Justin ကခပ်ချေချေပြန်ပြောလိုက်ရော..

ဒင်းတော့သိပ်မပြောချင်လို့ ထားထားတာ... ကြာလေရောင့်တက်လေပဲ.. တော်ပြီ.. Ziyi နဲ့စကားပြောကြည့်မှ..

"ဟိတ် Ziyi မင်းကြည့်ရတာအပြစ်ပေးခံထိလည်း အေးဆေးပဲနော် မင်းမိဘတွေမဆူဝူးလား"

Ziyi စိတ်ကောင်းဝင်တုန်း အခွင့်ကောင်းယူပြီး မေးလိုက်လေသည်

"ရှိမှဆူမှာပေါ့"

Ziyi သည်တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်တယ်..

"ဘာလဲ ခရီးသွားနေတာလား"

Cheng Cheng ထက်မေးပြန်ရော..

Justin ဟာဉာဏ်ကောင်းတော့ Ziyi မပြောချင်မှန်းသိတော့ သူပဲဝင်ပြောလိုက်တာပေါ့..

"ဟဲ့ Fan Cheng Cheng သူများမိသားစုကိစ္စ မင်းနဲ့ဘာဆိုင်လဲ"

"အချင်းချင်းတွေပဲဟာ နော့်"

Cheng Cheng သည် Ziyi လက်မောင်းတောင်ပုတ်လိုက်သေး

"ဆုံးသွားပြီ"

ထိုအချိန် Cheng Cheng တစ်ယောက်ပါးစပ်ကို လက်နဲ့ကာပြီး တစ်ခါတည်း ပိတ်သွားပါလေရော.. ငယ်ငယ်ထဲ Xiao Gui တို့နဲ့နေတာသိပေမဲ့ တစ်မိသားစုလုံးအတူတူနေတာထင်မိခဲ့တာ..

Cheng Cheng လေးအားနာလို့မဆုံးတော့ ဘေးက Justin ကိုသာကြည့်ပြီးအကူညီတောင်းရတဲ့ ဘဝ.. ဟိုကလား ကူညီမှာ.. Justin ကတော့ကူညီဖို့နေနေသာသာ Cheng Cheng ကိုပဲလှမ်းရိုက်လိုက်တယ်..

"Sorry ပါ bro ရာ ငါမသိလိုက်လို့"

Cheng Cheng အားနာသော အသံသေးသေးလေးဖြင့်ပြောလိုက်တယ်..

Ziyi ကတော့ဘာမှမပြောပဲ ခေါင်းညိတ်လိုက်တာပေါ့.. သူအတွက်ဒါဟာမထူးဆန်းတော့ဘူးလေ..

*****

ထမင်းစားချိန်..

တန်းစီနေတဲ့ ထိပ်ဆုံးမှာတော့ You Zhangjing နဲ့ Zhu Zhengting.. ဘဝမှာ အစားနဲ့လျှင်လိုက်ရင် ဘယ်မရာမှ အရေးမကြီးတဲ့ နှစ်ဦး..

𝙈𝙚𝙖𝙣𝙩 𝙩𝙤 𝙗𝙚 || 𝘠𝘪𝘬𝘶𝘯/𝘡𝘪𝘬𝘶𝘯 [𝘏𝘪𝘢𝘵𝘶𝘴]Where stories live. Discover now