ရုံးတော်

5K 350 2
                                    


အပျိုတော်များသည် Lifen ကိုအဝတ်စားသစ်များ ဝတ်ဆင်ပေး၍ ဆံနွယ်တို့ကို ဆင်ထင်ထုံးဖွဲ့ပေးသည်။ သူမသည် နန်းတွင်းထဲသို့ သူမအပျိုတော်များနှင့် လိုက်ကြည့်၏။ သူမလမ်းလျှောက်နေစဉ်အတွင်းမှာ သူမနဲ့လမ်းကြောင်းတူ တဲ့သူတစ်ယောက်ကိုတွေ့သည်။

ထိုလူသည် သူမကိုဦးညွှတ်ရင်း

"Jiayi, မိဘုရားကြီးကို နှုတ်ခွန်းဆက်သပါတယ်၊ "

Lifen သည် Jiayiဟုခေါ်သော သူကို

"အသင်က ဒီမှာဘာလုပ်နေတာလဲ?"

"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အကြံပေးတွေထဲက တစ်ယောက်ပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ယနေ့ရုံးတော်ကို ဆင့်ခေါ်ကြောင်းပါ"

"ဒါဆိုရင် အသင်ကအခုသွားသင့်တာပေါ့"

"ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး သွားပါတော့မယ် မိဘုရားကြီး" Jiayiခေါင်းကိုမော့ပြီးပြောလိုက်တယ်။

Jiayi သည် Lifenကိုကျော်ပြီး ဖြတ်သွားသည်။ သူသည် သူမဘေးမှ ဖြတ်လျောက်စဉ် သူမ၏ လှပသောမျက်နှာကို ခိုးကြည့်သွားတယ်။

Lifen ရဲ့အပျိုတော်လေးက

"မိဘုရားကြီး နောက်ထပ်ဘယ်နေရာကို ကြွမှာပါလဲ "

"ငါ ရုံးတော်ကိုသွားမယ်"

"အရှင်မဟာ ရုံးတော်အဖွဲ့ဝင်တစ်ယောက် မဟုတ်ခဲ့ရင် ဒါမှမဟုတ် အရေးကြီး ဆွေးနွေးစရာမရှိရင် ရုံးတော်ကိုမသွားသင့်ပါဘူး မိဘုရားကြီး။ ရုံးတော်က မိန်းမတွေနဲ့ မသက်ဆိုင်သောနေရာဖြစ်ပြီး ရုံးတော်ကိစ္စတွေမှာ အမျိုးသမီးတွေဝင်မပါရပါဘူး "

"ငါ့မှာ အရေးကြီးဆွေးနွေးစရာရှိတယ်"

(TOT နင်နန်းတော်ရောက်တာ တစ်ရက်ဘဲရှိသေးတယ် ဘယ်ကဆွေးနွေးစရာပေါ်လာတာလဲ TT)

အပျိုတော်လေးလည်း မြေကြီးထိမတတ် ခေါင်းငုံ့ပြီး

"ဒါပေမဲ့ မိဘုရားကြီး၊ အရှင်မသာ ရုံးတော်အစည်းအဝေးကို နှောက်ယှက်မယ်ဆိုရင် ကျွန်မတို့ နိမ့်ကျတဲ့ အပျိုတော်တွေ အပြစ်ပေးခံရပါလိမ့်မယ်"

ကိုယ်ရံတော် မိဘုရား [Second Princess vs King Of The East]Where stories live. Discover now