ရှင့်ထက် ချစ်စရာကောင်းတဲ့ Xue

2.7K 293 15
                                    

နောက်တစ်နေ့မှာတော့  ညီလာခံပြီးတဲ့နောက်မှာ Jiayiဟာ Mingyuရဲ့ စာကြည့်ဆောင်ကို လာခဲ့တယ်။
သူသည် အဖြူရောင် အမွှေးလေးတွေပါတဲ့ ဘောလုံးလေးကိုပိုက်လာတယ်။ အပျိုတော်တွေနဲ့ အစေခံတွေဟဟာ ခန့်ညားလှတဲ့ အမှုထမ်းလေးဟာ ချစ်စရာခွေးလေးပိုက်လာတဲ့ သူ့ကို စိတ်ကူးယဉ် မိန်းမောစွာကြည့်နေတယ်၊ ဘယ်လို မိန်းကလေးကများ ဒီလိုမြင်ကွင်းကို မရူးသွပ်ပဲယေ မကြည့်မိပဲ နေနိုင်မှာတဲ့လဲ။

Jiayi ~ " ဒီမှာ မင်းလိုချင်တဲ့ ခွေး "

သူဟာ ခွေးကိုအောက်ချလိုက်ပြီး လွှတ်ထားလိုက်တယ်။

Mingyu ~ " ချစ်စရာကောင်းလိုက်တာ ၊ မင်းကတော့ အကောင်းတကာ့အကောင်းဆုံးပဲ Jiayi "

Mingyuဟာ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်ရင်း ခွေးဆီကိုပြေးသွားတော့တယ်၊

Jiayi ~ " မင်းကတော့ တကယ့်ကိုစိတ်ပျက်စရာအကောင်းဆုံး ဘုရင်ပဲ။ မင်း မိဘုရားကြီး ကျေနပ်အောင် ကြိုးစားနေမဲ့ အစား တိုင်းသူပြည်သားတွေရဲ့ ပြဿနာတွေ အခက်အခဲတွေပေါ်မှာပဲ အာရုံစိုက်သင့်တယ်။  "
(Endrial_ သူ့ကိုနားပါစေဦး အယ်ကိုရယ်။ သူ့ခမျာ မိန်းမဆီသွားတော့လဲ အဆူခံရသေးတယ်။)

သူဟာMingyuကို အေးစက်စက် ဆက်ဆံပေမဲ့လည်း Mingyuရဲ့ နေရာတည်မြဲဖို့ကိုတော့ ဂရုစိုက်တယ်။ သူ့သူငယ်ချင်းကို မကြာခင် လာမဲ့ ပုန်ကန်မှုမှာ နန်းမကျစေချင်ဘူး၊

Mingyu ~ " စိတ်မပူပါနဲ့ Jiayi ငါတကယ်ကိုအလုပ်ကြိုးစားပြီး ပြဿနာတွေလည်း ကောင်းကောင်း ကိုင်တွယ်နေပါတယ် "

Jiayi ~ " မိဘုရားကြီးနဲ့ ပတ်သတ်လို့ ပြောရဦးမယ် သူမက တကယ်ယုံရရဲ့လား။ သမိုင်းမှာဆိုရင် တိုင်းပြည်ကြီးတွေအများစုဟာ ဘုရင်ရဲ့ မိန်းမလှလေးတွေကြောင့်ပဲ ပျက်သုန်းသွားကြတာ "

Mingyu ~ " မစိုးရိမ်ပါနဲ့  ငါသူမကိုယုံတယ်။ မင်းလည်း Lifenကို မင်းကိုယ်တိုင် တွေ့ကြည့်သင့်တယ်။ "

Jiayi ~ " မင်း ဘာကိုဆိုလိုတာလဲ "

Mingyu ~ " မင်း Lifenကို တိုင်းပြည် အရှေ့ဖျားက ရွာရဲ့ မြေဆီလွှာပြဿနာ ဖြေရှင်းဖို့ ခေါ်မသွားချင်ဘူးလား သူတို့ဘာမှ စိုက်ပျိုးလို့မရတော့ဘူးဆိုတော့ သူတို့မကြာခင်မှာပဲ အခွန်တွေလည်း ပေးနိုင်တော့မှာမဟုတ်လောက်ဘူး "

ကိုယ်ရံတော် မိဘုရား [Second Princess vs King Of The East]Onde histórias criam vida. Descubra agora