Lifenသည် ညီလာခံခန်းမအတွင်းသို့ ဝင်လာသည်။ ခန်းမထဲရှိလူတိုင်းဟာ မိဘုရားခေါင်ကြီးကို လှည့်ကြည့်ကြတယ်။ သူမရဲ့ ဝတ်စုံဟာ တော်ဝင် မိဘုရားခေါင်ကြီးရဲ့ ဝတ်ရုံနဲ့ အလွန်ကွာခြားတယ်။ သူမရဲ့ ဆံနွယ်တွေကိုလည်း ရွှေဆံထိုးနှစ်ခုကိုသာ အသုံးပြုပြီး ရိုးရှင်းစွာထုံးဖွဲ့ထားတယ်။ Lifenဟာ သူမပလ္လင်ဆီ သွားပြီးထိုင်လိုက်ပြီး
Lifen ~"သူ့ကို စကားပြောလာအောင် လုပ်ပြီးပြီလား"
Mingyu ~ "သူက ငြင်းဆန်နေတုန်းပဲ"
Lifen ~ "ဒီလိုလား"
သူမမျက်နှာမှာ မဲ့ပြုံးတစ်ချက်လင်းလက်သွားတယ်။(😏 👈 ဒီလိုပုံလေးထင်တာပဲ)
Lifen ~ "Bolin သင်အဲ့တာတွေကိုယူပြီး သူ့ရှေ့မှာထားလိုက်"
Bolinသည် ရွှံ့ စေးနဲ့ လုပ်ထားတဲ့ လက်ဖက်ရည်ခွက်ဆယ်ခွက်တင်ထားသော လင်ဗန်းကိုယူပြီး ထိုသူရှေ့မှာချလိုက်တယ်။ မြင်းသေးနဲ့ ရေနဲ့ အရောင်ကွားခြားမှုကို မမြင်နိုင်စေရန် ခွက်တိုင်းကို အဖုံးဖုံးထားတယ်။ Bolinသည် သူ၏မျက်နှာနှင့် နှာခေါင်းကို အဝတ်ဖြူ စည်းထားတယ်။ (သူလေးနံရှာမှာပေါ့) မြင်းသေးရဲ့ အနံဟာ ပြင်းလွန်းလို့ ခန်းမထဲမှာရှိတဲ့ လူတိုင်းဟာ နှာခေါင်းကို အုပ်ထားကြရတယ်။ အမတ်တွေဟာ Lifenဘာလို့ Bolinကို ဒီလိုလုပ်ဖို့ အမိန့်ပေးလဲဆိုပြီး တီးတိုးမေးမြန်းနေကြတယ်။ Bolinဟာ လင်ဗန်းကို ထိုသူရှေ့မှာထားပြီး ဘေးဘက်ကိုလျှောက်သွားလိုက်တယ်၊။
Lifen ~ "အဲ့ဒီလင်ပန်းပေါ်က ခွက်ဆယ်ခွက်ရှိတယ်။ ကိုးခွက်ကို မြင်းသေးတွေဖြည့်ထားပြီး တစ်ခွက်ထဲမှာပဲ ရေရှိတယ်။ အကယ်၍ သင်သာ အဲ့ဒီဆယ်ခွက်ထဲက ရေခွက်ကိုသာ ရွေးနိုင်မယ်ဆိုရင် ငါမင်းကို လွှတ်ပေးပြီး မင်းရိုးသားတဲ့အကြောင်းအားလုံးကို ပြောမယ်။ အကြောင်းကြောင်းကြောင်း သင်မြင်းသေးကို ရွေးခဲ့မိရင် သင်ဟာ တစ်ခြားသူတွေရဲ့ အရှက်ခွဲခြင်းကို ခံရမဲ့အပြင် သေဖို့သက်သကိပဲ မြင်းသေးကိုသောက်တဲ့သူလို့ပါ အပြောခံရမယ်။ ဒါဟာ ရှင့်မိသားစုကို နာမည်ဆိုးနဲ့ အရှက်ရစေမဲ့အပြင် သူတို့ကရှင့်ကို မရှိခဲ့ဖူးလို့သတ်မှတ်လိုက်ကြလိမ့်မယ်။ ရယ်စရာမကောင်းဘူးလား။ ရှင် ကောင်းကောင်းရွေးချယ်ရမယ်။ ရှင် ရေခွက်ကိုသောက်မိဖို့ အခွင့်အရေးက ဆယ်ပုံတစ်ပုံပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ဒါတွေကို မရွေးပဲ နောက်ကွယ်ကလူ ဘယ်သူလဲဆိုတာ ကျွန်မကိုပြောရင် ကျွန်မက ရှင့်ကို ဘာအရှက်မှမရစေပဲ ပြန်လွှတ်ပေးမယ်"
![](https://img.wattpad.com/cover/146695611-288-k388381.jpg)
YOU ARE READING
ကိုယ်ရံတော် မိဘုရား [Second Princess vs King Of The East]
Historical FictionThis novel is the burmeae translation of " Second Princess vs King Of The East". Credit original author ~ Yuki Lilly The Original Novel ~ Second Princess vs King Of The East နှစ်ပေါင်းများစွာ ကြာအောင်အနောက်တိုင်း နဲ့ အရှေ့တိုင်းဟာ စစ်ဖြစ်ခဲ့ကြတယ်.တိ...