" You don't know babe.
When you hold me and kiss me slowly,
it's the sweetest thing."ကိုယ့်အတွက် ရက်ရာဇာကတော့
မင်းအကြောင်းနဲ့ စတင်တဲ့ နေ့ရက်တွေပါပဲ။
မနက်ခင်းရဲ့ ကော်ဖီတစ်ခွက်လိုပေါ့
ခါးသက်တဲ့အရသာမှန်း သတိမထားမိပါပဲ မြိုချတယ်
တကယ်တမ်း အသိစိတ်ဝင်လာတဲ့အခါ တစ်ခွက်လုံးကုန်နှင့်ပြီနစ်ဝင်ပါစေတော့ဆိုပြီး ကိုယ်တိုင်ပဲ ကမ္ဘာတစ်ခုလုံးကို
ပါးချိုင့်လေးပေါ် တည်ပေးလိုက်တယ်။
လှုပ်ရှားလိုက်တိုင်း အရိုးများထိအောင်
မင်းနာမည်က အသံမြည်တယ်။
မင်းမရှိရင် ကိုယ့်မှာ အလိုလို အားနည်းလာတယ်
အတွင်းအားမျှတဖို့ မင်းကို ရင်ခွင်ထဲထည့်ထားမှရတယ်။
မင်းပါဝင်နေတဲ့ အတွေးတွေကအစ ချစ်ဖို့ကောင်းနေတော့
ကိုယ့်မှာ ၂၄ နာရီနဲ့တောင် မလောက်နိုင်ဖြစ်ရတယ်။ပြဿနာပဲ
ကိုယ်က စာပဲ ရေးတတ်တယ်
စကားတွေ စီကာပတ်ကုံး လှအောင် မပြောတတ်ဘူး
မင်းရှေ့ရောက်ရင် အလိုလို အငွေ့ပျံကုန်တယ်။
ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်လို့ ကိုယ်ခံစားရသမျှဟာ
မင်းကြောင့်ပါလို့ ပြောရင်တော့ ယုံပါ။
ဒီထက်ပိုပြီး ရှင်းမပြတတ်တာ ကိုယ့်အားနည်းချက်ပဲထားပါ။" You're the coffee that I need in the morning.
You're my sunshine in the rain
when it's pouring."အပြင်မှာ မိုးစက်ကလေးတွေ ကျနေတယ်။
မင်းကို ပြေးသတိရတယ်
မင်းက မိုးရာသီနဲ့ ဓာတ်မှမတည့်ပဲ
မိုးတွေကလည်း ခြိမ်းတယ်
ဒီအချိန်ဆို ကိုယ့်ကြောင်ဖြူမလေး
ဘယ်ချောင်မှာ အမြီးကုတ်နေမလဲ။စိတ်ပူရတာ ပျော်စရာကောင်းပါတယ်။
*နဖူးလေးမှာ အပူချိန်များတိုးလာမလား
ဆေးတစ်လုံးဖြစ်ဖြစ် သဘက်တစ်ထည်ဖြစ်ဖြစ်
ကိုယ်ဖန်ဆင်းပြီးစောင့်နေချင်တယ်*
အပြင်မှာ မိုးစက်ကလေးတွေ ကျနေတယ်။" Where you go, I'll follow
no matter how far. "ချစ်ခြင်းတရားကို ယုံကြည်တယ်
မင်းကို ယုံကြည်တယ်။မင်းကသာ လိုက်ခဲ့ဆို
ငရဲအိုးနှုတ်ခမ်းလည်း ပတ်ပြေးဦးမယ်။
"သိပ်ချစ်တယ်" လို့ အဓိပ္ပါယ်ရတဲ့
အကြည့်တွေနဲ့တင်
မင်းမကြိုက်တဲ့ မိုးစက်တွေတိတ်အောင်
တိမ်တွေကိုလည်း ပြောင်းပြန်လှန်မယ်။ကိုယ်က မင်းကို အကြောင်းပြချက်မရှိ ချစ်တယ်။
ဘဝပေါင်းများစွာ မင်းကိုပဲ ချစ်ပါရစေလို့ ဆုပန်တယ်။
မင်းစိတ်တစ်ခုတည်းနဲ့ မဂ်ဖိုလ်နိဗ္ဗာန်လည်း အလွဲခံခဲ့တယ်။မင်းကလွဲရင် ဆုံးရှုံးစရာမရှိတဲ့ကောင်ပါ
တလောကလုံးနဲ့ လဲဆိုတောင် လဲရဲတယ်။
အားလုံးနဲ့ယှဉ်ရင်လည်း ကိုယ်က မင်းကိုပဲ ရွေးမယ်။" If life is a movie
then you're the best part. "မင်းကို ဖန်ဆင်းပေးခဲ့တဲ့အတွက်
ဘုရားသခင်ကျေးဇူးတော်ကို အမြဲချီးမွမ်းရတယ်။
ထာဝရဆိုတဲ့အရာကို ဆုတောင်းရင်း
ကြယ်တွေဆီသွားဖို့ မင်းလက်ကိုတွဲထားတယ်။ရှင်သန်လာရတဲ့ ဘဝကြီးသာ ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့မယ်ဆို
မင်းကို တွေ့ဆုံရခြင်းဟာ အကောင်းဆုံးအပိုင်းပဲ။* ပြထားသော စာသားသည် ယဉ်ဝယ်ထက်၏ စာသားဖြစ်ပါသည်။
( P.s. What a fluffy clingy cheesy part 🤢🤢🤢 )
YOU ARE READING
Whispers
Short Storyသီချင်းတွေမှာ ပုံပြင်ကိုယ်စီရှိကြတယ် ဒါကို ကိုယ်မပြောလည်း မင်းသိပါတယ်