အရာအားလုံးပါပဲ ...
ကျွန်တော့်ရဲ့ အရာအားလုံးကို
ခင်ဗျားယူသွားခဲ့ပေမယ့်
ဒီအတိတ်တွေကိုတော့
ဒီမှတ်ဉာဏ်တွေကိုတော့
ခင်ဗျား ယူမသွားနိုင်ခဲ့ပါဘူး။" Remember when we first met?
You said "light my cigarette"
So I lied to my mom and dad
I jumped the fence and I ran. "မြေပြင်မှတ်လို့ ခုန်ချခဲ့တာ
အပြာရောင် ကောင်းကင်ကြီးဖြစ်နေခဲ့တယ်။
သဘာဝလွန်ဖြစ်ရပ်တွေဆိုတာ
ခင်ဗျားရင်ခွင်ရပ်ဝန်းအနီးတဝိုက်မှာအဲဒီ့စီးကရက်ဟာ
ခင်ဗျားနှုတ်ခမ်းနဲ့ ထိတွေ့ခွင့်ရထားတဲ့ဆိုရင်ပဲ
ကျွန်တော်မက်မက်မောမောရှိုက်ယူဖို့
အကြောင်းပြချက်လုံလောက်တယ်။လျစ်လျူရှုခံရခြင်းတွေဟာ
ခင်ဗျားနှုတ်ခမ်းတွေလောက် ချိုရင်လည်း အကောင်းသား
အခုတော့ ကျွန်တော့်မှာ
တစ်ချိန်က စတော်ဘယ်ရီသီးလေးအမှတ်နဲ့ မြိုချနေရ" But we couldn't go very far
'Cause you locked your keys in your car
So you sat and stared at my lips
And I could already feel your kiss "ဘဝဆိုတာ တကယ်တမ်း မရယ်ရတဲ့ ဟာသတစ်ပုဒ်ပါ
ဝမ်းနည်းပက်လက်ကြီး ရယ်မောဖြစ်ခဲ့ပါတယ်
အလွတ်ရတဲ့ ဖုန်းနံပါတ်လေးတစ်ခုက
အခုထိ ကျွန်တော့်ရဲ့ ခယမှုတွေကို
မျက်နှာလွှဲနေတုန်းပဲတဲ့။
ထိုင်ခုံမှာ ထိုင်နေရင်း
ခင်ဗျားရှိရာ လိပ်ပြာလွင့်တဲ့ဖြစ်ရပ်မျိုးတွေ
ကျွန်တော် ရိုးနေပါပြီလေ။" Long nights, daydreams
Sugar and smoke rings, I've been a fool
But strawberries and cigarettes
always taste like you "တစ်ခါက အတိတ်တွေကြောင့်
တစ်ချို့ညတွေ အိပ်ပျော်ပါရဲ့
ကျွန်တော့်ချို့ယွင်းမှုတွေ သိပ်များလွန်းနေတယ်ထင်တယ်။
အိပ်မက်ထဲတောင် ခင်ဗျား ကျွန်တော့်ကို ထားခဲ့တုန်းလွမ်းဆွတ်တဲ့ ညနေတွေမှာ
မျှော်လင့်ချက်တွေ ကပ်ပါလာသေးရင်
ပြက္ခဒိန်ပေါ်က ခင်ဗျားမပါပဲ ရှင်သန်ရတဲ့ နေ့ရက်တွေကို
မှင်နီတားပစ်တော့တာပဲ။" Headlights, on me
Racing to 60, I've been a fool
But strawberries and cigarettes
always taste like "ခင်ဗျားမဟုတ်တဲ့လူတစ်ယောက်ကို
ချစ်တယ်လို့ပြောလိုက်တယ်
တလောကလုံး တိတ်ဆိတ်သွားလိုက်တာ
ကြောက်ဖို့တောင် ကောင်းတယ်
ကျွန်တော်မဟုတ်တဲ့လူတစ်ယောက်ရဲ့ ရင်ခွင်မှာ
ခင်ဗျား ဘယ်လိုစိတ်နဲ့ အိပ်ပျော်ပါသလဲ။" Blue eyes, black jeans
Lighters and candy, I've been a fool
But strawberries and cigarettes
always taste like you "ခင်ဗျားမရှိရင် ကျွန်တော်သေလိမ့်မယ်ပြောတာ
တကယ်တော့ ညာတာမဟုတ်ဘူး။
တခြားတစ်ယောက်ရဲ့ နှုတ်ခမ်းကို
ခင်ဗျားနမ်းချိန်တိုင်းမှာ
ကျွန်တော့်ရဲ့ နာမ်နဲ့ ရုပ်ဟာ အကြိမ်ကြိမ် ပြိုကွဲတယ်ဆိုတာ" But strawberries and cigarettes
always taste like you "အရာအားလုံးပါပဲ ...
ကျွန်တော့်ရဲ့ အရာအားလုံးကို
ခင်ဗျားယူသွားခဲ့ပေမယ့်
ဒီအတိတ်တွေကိုတော့
ဒီမှတ်ဉာဏ်တွေကိုတော့
ခင်ဗျား ယူမသွားနိုင်ခဲ့ပါဘူး။
YOU ARE READING
Whispers
Short Storyသီချင်းတွေမှာ ပုံပြင်ကိုယ်စီရှိကြတယ် ဒါကို ကိုယ်မပြောလည်း မင်းသိပါတယ်