You = I by Bolbbalgan4

1.8K 139 3
                                    

" You're a fool, don't tell me "no"
At least today, give me a chance
I practiced
Laughing lovingly and talking nicely. "


ဒီရက်ပိုင်း ကျောင်းဖွင့်ရက်တွေကို
ချစ်တတ်လာတယ်။
ဘတ်စ်ကားစီးရတာ ဒီလောက် ရင်ခုန်စရာကောင်းမှန်း
သိတတ်ခဲ့တာတော့ သိပ်မကြာသေးဘူး။
ကျွန်တော်က သိပ်ကံကောင်းတတ်တဲ့သူမဟုတ်ပေမယ့်
နာရီ ၄၅ မိနစ် မှာ ဘတ်စ်ကားပေါ်တက်လာမယ့်
သူ့ကိုမြင်ရရင်ပဲ ကုသိုလ်ကံအားတွေ
အင်မတန် တက်လာပြီလို့ ယူဆလို့ရတယ်။

နောက်ဆုံးရဲ့ ရှေ့က ပြတင်းပေါက်ဘေးခုံမှာ
သူ ထိုင်တယ်။
လောကကြီးကို နားကျပ်တပ်ပြီး လျစ်လျူရှုထားတယ်။
ဘာသီချင်းမှန်းမသိပေမယ့် လှုပ်စိလှုပ်စိနှုတ်ခမ်းလေးနဲ့
ကျွန်တော့်ကို ပြုစားတယ်။
မျက်လွှာချထားတာလေးက ညင်သာလွန်းလို့
လက်နဲ့ထိရင်ကို ပဲ့ကြွေမလားအောက်မေ့ရတယ်။
ဝင်ရိုးစွန်းကရေခဲတွေအရည်ပျော်တာလည်း
အဲ့ဒီ့မျက်တောင်ရှည်တွေကြောင့်ပါပဲ။


" Baby it's true that I'm greedy
Today too I managed to get with you. "


ပတ်ဝန်းကျင်ကို ဘယ်တော့မှ ဂရုမစိုက်တဲ့သူက
သူ့ကို အမြဲ ငေးကြည့်နေတတ်တဲ့ နောက်ဆုံးခုံက
ကျွန်တော့်ကိုလည်း သတိပြုမိပုံမပေါ်ဘူး။
တကယ်တော့ သူတင်မဟုတ်ဘူး
ကျောင်းစကပ်က ဒူးအထိဖုံးနေတဲ့ ကျွန်တော့်ကို
ဘယ်သူကမှလည်း သတိထားမိတာ မဟုတ်ပါဘူး။

သူနဲ့ ယှဉ်ရင် ကျွန်တော်က အရာရာ ဆန့်ကျင်ဘက်ပဲ။
သူကတော့ ဟိုးအဝေးကနေ လှမ်းကြည့်ရင်တောင်
အများကြားမှာ ပြတ်ပြတ်သားသား ထင်ရှားနေတဲ့သူ။
ကျွန်တော်ကတော့ သေးငယ်လွန်းတဲ့ ခန္ဓာကိုယ်လေးကို
ပိုပိုကျုံ့ပြီး လူမမြင်အောင် ပုန်းကွယ်နေရတဲ့သူ။
သူကတော့ လူတွေအားလုံးကို အထက်စီးက ကြည့်နိုင်တဲ့သူ
ကျွန်တော်ကတော့ ငါးပေအထက်က လေကို မရှုနိုင်တဲ့သူ။
အဲ့ဒီ့လို ကျွန်တော်က အဲ့ဒီ့လို သူ့ကို
မြင်မြင်ချင်းပဲ စိတ်ဝင်စားမိပါတယ်။


" Maybe my clumsy heart will reach you
Honestly, I get really nervous
when you hold my hand. "


မတန်မရာကို မှန်းတယ်ပဲပြောပြော
ကျွန်တော်တို့နှစ်ယောက်ကြားက ကွာခြားမှုအကြီးကြီးကို
ကျွန်တော့်ခြေဖဝါးသေးသေးလေးနဲ့ ခုန်ပျံကျော်လွှားပြီး
သူ့ဆီရောက်အောင် သွားချင်မိပါတယ်။
သူသဘောကျမယ်ထင်လို့
ချစ်စရာကောင်းတဲ့အမူအရာလေးတွေလည်း
မှန်ကြည့်ပြီး လေ့ကျင့်ထားတယ်။
ဆံပင်လည်း တိုတိုပဲ ဖြတ်ထားတယ်။
သူနဲ့ အကြည့်ချင်းဆုံတဲ့အချိန်ကျ ပြုံးပြတတ်အောင်
တစ်ညလုံး အိပ်ရေးပျက်ခံပြီး ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် သူ့ရှေ့ရောက်ရင်
အားတင်းထားသမျှတွေက အရည်ပျော်ပျော်သွားရတယ်။
အဆင့်မကောင်းလို့ အတန်းပိုင်ဆရာခေါ်ဆူတုန်းကတောင်
ဒီလောက်ထိ စိတ်မလှုပ်ရှားခဲ့ပါဘူး။
သူ့ကို ကျွန်တော် သဘောကျတယ်ဆိုတာ
ဖွင့်ပြောစရာမလိုပဲ သူ့ဘာသာ သိသွားရင်ကောင်းမယ်။
သူလည်း ကျွန်တော်နဲ့ ထပ်တူ ခံစားရရင် ကောင်းမယ်။
တစ်ရက်လောက်ဖြစ်ဖြစ် သူနဲ့ date လုပ်ခွင့်ရရင် ကောင်းမယ်။



" I just want to hold you in my arms. "

WhispersWhere stories live. Discover now