" I met you in the dark.
You lit me up.
You made me feel as though
I was enough. "တည်မြဲခြင်းမရှိတဲ့ ဒီကမ႓ာမှာ
ထာဝရဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို
မင်းနဲ့မှ ငါ ဖတ်တတ်လာတယ်။
ထာဝရမရှိပေမယ့်လည်း ငါ့မှာ မင်းရှိတယ်
ကျေနပ်ရပါတယ်။
ဘဝမှာ ငါ ဘယ်လောက်လွဲခဲ့ပြီးပြီလည်း မမှတ်မိပေမယ့်
မင်းကိုမှ ဝင်တိုက်ခွင့်ပေးလို့
ဘုရားကျေးဇူးတော်ကို ငါ့မှာအမြဲချီးကျူးနေရတယ်
ဒါဟာ ဘာလို့လဲ မေးရင် "မင်းကို ချစ်လို့" လို့ပဲ ဖြေမိမယ်။" When you look over your shoulder,
for a minute I forget that I'm older.
I wanna dance with you right now. "ကမ႓ာကြီး ပျက်စီးယိုယွင်းခြင်းတွေ
ငါ စိတ်မဝင်စားဘူး။
မင်းအပြုံးတွေ ပျောက်ကွယ်သွားမှာလောက်
ငါ့အတွက် ဘယ်အရာမှ ကြောက်စရာမကောင်းဘူး။
ငါ့အသက်ဓာတ်က မင်းနှုတ်ခမ်းအောက်က
မှဲ့နက်ကလေးထဲမှာတည်တယ်။သံသရာဆိုတာမျိုးက
ဘယ်လောက်ထိရှည်သလဲ။
မမောမပန်း ဒီသံသရာစက်ဝန်းကြီးထဲမှာ ပျော်အောင်
မင်းမျက်ဝန်းညိုညိုလေးတွေ အစွမ်းကုန် လှနေတော့လည်း
မင်းမို့လို့ပါပဲ ... ချစ်တယ်။" I'm so in love with you.
I hope you know.
Darling your love is more than
it's worth in gold. "အနိုင်အရှုံးတွေ ချစ်ခြင်းတရားမှာ မရှိဘူးလို့
ငါ သတ်မှတ်တယ်။
မင်းပျော်သမျှ ငါ နိုင်တယ်
ငါ ဒီလိုပဲ ခံယူထားတယ်။
*ဘဝမှာ တစ်ကြိမ်တစ်ခါပဲချစ်ချင်ပြီး
အဲ့ဒီ့တစ်ကြိမ်တစ်ခါကိုလည်း မင်းနဲ့ပဲ ဖြစ်ချင်တယ်*
သိမ်သိမ်မွေ့မွေ့လေးပါပဲ
ငါ မင်းကို ရူးသွပ်တယ်။" Just say you won't let go "
ဘာမှမလိုအပ်သလို
ဘာမှလည်း ငါ မလိုချင်ဘူး
မင်းကလွဲ ...လုံလောက်ခဲ့ပါတယ် ...
ငါ့အတွက်ချစ်ခြင်းမေတ္တာဆိုတာ
မင်းနာမည်ရွတ်ရုံနဲ့တင် လုံလောက်ခဲ့ပါတယ်။* ပြထားသောစာသားသည် ရိုးစစ်၏ စာသားဖြစ်ပါသည်။ ထိုစာသားအား ပြန်လည်ကူးယူဖော်ပြလိုလျှင် မူရင်းရေးသားသူကိုသာ credit ပေးပေးပါ။
ŞİMDİ OKUDUĞUN
Whispers
Kısa Hikayeသီချင်းတွေမှာ ပုံပြင်ကိုယ်စီရှိကြတယ် ဒါကို ကိုယ်မပြောလည်း မင်းသိပါတယ်